Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအကူအညီများ စစ်တပ်က နိုင်ငံရေးအမြတ်မထုတ်နိုင်ရေး အနီးကပ်စောင့်ကြည့်သည့် လုပ်ငန်းစဥ်ထည့်သွင်းပေးရန် နိုင်ငံတကာသို့ KNU တောင်းဆို

နာဂစ်မုန်တိုင်းအကူအညီများ စစ်တပ် ကိုယ်ကျိုးစီးပွားအတွက်အသုံးချခဲ့သည့် သမိုင်းရှိကြောင်း သတိပေး

အိန္ဒိယ ဆေးတပ်သား ၁၁၈ဦးပါသည့် ဒုတိယအကြိမ်မြောက်ကယ်ဆယ်ရေးအသုတ်၏ လေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

မတ် -၃၀ ၊၂၀၂၅။လင်းသစ်/People’s Spring

ငလျင်ဒဏ်ခံရသော ပြည်သူများအတွက် ပေးအပ်သည့် နိုင်ငံတကာအကူအညီများအပေါ် စစ်တပ်က အခွင်ကောင်းယူ၍ နိုင်ငံရေးအမြတ်မထုတ်နိုင်ရန် အနီးကပ်စောင့်ကြည့်သည့် လုပ်ငန်းစဥ်ထည့်သွင်းပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ယနေ့ (မတ် ၃၀ရက်)တွင် ထုတ်ပြန်တိုက်တွန်းသည်။

၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ပြည်သူများလက်ခံရရှိသည့် နိုင်ငံတကာအကူအညီများကို စစ်အုပ်စုက ၎င်းတို့၏ အကျိုးစီးပွားအတွက် အသုံးချသွားခဲ့သည့် သမိုင်းကြောင်းရှိခဲ့ကြောင်းလည်း KNUက ကြေညာချက်၌ သတိပေး ထောက်ပြထားသည်။

ငလျင်ဘေးသင့် ပြည်သူများမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်းနှင့် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေများအတွင်းရှိနေသည်ကို သတိမူသင့်ကြောင်း KNUက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် အကူအညီများပေးအပ်ရာတွင် အပြိုင်အကူအညီပေးအပ်သည့် လုပ်ငန်းစဥ်များကို အခြေခံ၍ အမှန်တကယ်လိုအပ်နေသူများထံ ရောက်ရှိနိုင်ရေး လုပ်ဆောင်ပေးရန် KNU က နိုင်ငံတကာ ကို တိုက်တွန်းသည်။

သာမန်အခြေအနေတွင် နိုင်ငံတစ်နိုင်၏ သဘာဘေးအန္တရာယ် တုံံ့ပြန်သည့်အနေဖြင့် စစ်တပ်က ဦးစွာ ပါဝင်ရသော်လည်း စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ စစ်တပ်သည် တိုင်းပြည်၏ ကြွယ်ဝမှုနှင့် အခွင့်ထူး များရယူ အလွဲသုံးစားပြု၍ ပြည်သူကို ဦးတည်တိုက်ခိုက်ရန်သာ တပ်စွဲဖြန့်ကျက်ထားကြောင်း KNUက ဆိုသည်။

ထို့အပြင် ပြည်သူများ ငလျင်ဒဏ်ပြင်းထန်စွာ ခံစားနေရချိန် စစ်ကောင်စီအနေဖြင့် အရပ်သားနေရာများ ကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေသည်ကို ဝမ်းနည်းစွာတွေ့ရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အချိန်တိုအတွင်း စိုးရိမ်ပေးကြပြီး ကူညီရန်ရောက်ရှိလာ ကြသော နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများအပြင် ဒေသခံပရဟိတအဖွဲ့များနှင့် ပြည်သူများ၏ ကူညီမှုများ ကိုကြိုဆိုပြီး အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ KNUအနေဖြင့် အင်အားကြီးမြေငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ် မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသော အများပြည်သူတို့နှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်းနှင့် အရေးပေါ်လိုအပ်မှုများကို တုံ့ပြန်ကူညီဆောင်ရွက်ရန် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သ၍ တတ်နိုင်သည့် နည်းလမ်းဖြင့် ပါဝင်မည်ဟု KNU က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။