Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် KNU နယ်မြေ ကျောက်ကြီးမြို့နယ်တွင် ပြည်သူ ၂ဦးသေဆုံး

မြေငလျင်လှုပ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ ဒေသခံ ပြည်သူ ၂ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက မတ်လ ၃၀ရက်တွင် ထုတ်ပြန်သည်။

အင်အားကြီးမြေငလျင်လှုပ်ခတ်မှုကြောင့် ခလယ်လွီထူခရိုင်အတွင်းရှိ နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

မတ်-၃၁၊၂၀၂၅။ဟန်နွေ/People’s Spring

မြေငလျင်လှုပ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ ဒေသခံ ပြည်သူ ၂ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက မတ်လ ၃၀ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၂၈ရက် ငလျင်ဘေးကြောင့် KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် အမျိုးသား ၂ဦးသေဆုံးခဲ့ဟု ဆိုသည်။

ငလျင်ကြောင့် ကျောက်ကြီးမြို့နယ် ကျီးပင်စုရွာမှ အသက် (၂၈)နှစ်အရွယ်အမျိုးသား ရောဂါအခံကြောင့် နှလုံးဖောက်သေဆုံးကာ အသက်(၅၆)နှစ်အရွယ်အမျိုးသားမှာ ငလျင်ကြောင့် အဆောက်အဦး ပြိုကျမှုဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တောကြောင်ပေါက်ကျေးရွာရှိ စစ်တောင်းမြစ်ကမ်းစပ်ပြိုကျခဲ့ပြီး နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ဟု ဆိုသည်။

ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာအတွင်းနှင့် လယ်ကွင်းတွင် ငလျင်ကြောင့် မြေပက်ကြားအက်ပြီး အက်ကွဲနေရာများတွင် ရွှစေးချော်ရည်များထွက်ပေါ်လာခဲ့ဟုလည်း အသိပေးထားသည်။

ထို့ပြင် ရွှေကျင်မြို့နယ် ဝိုင်ကျွန်းကျေးရွာတွင် မြေငလျင်လှုပ်ခတ်ချိန် ဝိုင်ဘုရားကြီး ကျောင်းတိုက်ဘုရားစိန်ဖူးတော် မြေခခဲ့ပြီး အရံစေတီများနှင့် သင်္ချိုင်းဇရပ်များ ပြိုကျပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်သည်။

ငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေး၊ နေပြည်တော်၊ ရှမ်းတောင် အပါအဝင် နိုင်ငံတဝန်း ပြည်သူများစွာ ထိခိုက်သေဆုံးကာ အိုးအိမ်အဆောက်အဦးများစွာ ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။