Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံကို အကူအညီပေးရေးအဖွဲ့ စေလွှတ်ထားကြောင်း Samaritan’s Purse အဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး သဘာဝ ကပ်ဘေးဆိုင်ရာ တုံ့ပြန် အကူအညီပေးရေး အဖွဲ့ (DART) တစ်ခုကို စေလွှတ်ထားကြောင်း Samaritan’s Purseက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး သဘာဝ ကပ်ဘေးဆိုင်ရာ တုံ့ပြန် အကူအညီပေးရေး အဖွဲ့ (DART) တစ်ခုကို စေလွှတ်ထားကြောင်း Samaritan’s Purseက ထုတ်ပြန်ခဲ့ပါတယ်။

Samaritan’s Purseဟာ အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဌာနချုပ် အခြေစိုက်တဲ့ ခရစ်ယာန် လူသားချင်း စာနာမှု မစ်ရှင် အဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဧပြီ ၁ ရက်နေ့မှာတော့ အဖွဲ့ရဲ့ Facebook စာမျက်နှာက မြန်မာ့ ငလျင်ကယ်ဆယ်ရေး တုံ့ပြန်မှု အစီအမံတွေအကြောင်း ကြေညာချက် အသစ်တွေကို ဖော်ပြထားခဲ့ပါတယ်။

လက်ရှိမှာတော့ Samaritan’s Purseဟာ ကပ်ဘေးဆိုင်ရာ တုံ့ပြန်စီမံရေး ကျွမ်းကျင် ပညာရှင် ၂၈ ဦးနဲ့ မြေပြင်မှာ အခြေစိုက် ဖွင့်လှစ်နိုင်မယ့် ဆေးရုံတစ်ခုကို လေကြောင်းကနေ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ အဖွဲ့ထဲမှာ အရေးပေါ် အသက်ကယ် စောင့်ရှောက်ကုသမှုတွေကို ကိုင်တွယ်ပေးမယ့် ဆေးဖက်ဆိုင်ရာ ပညာရှင်တွေလည်း ပါဝင်ပါတယ်။

နောက်ပြီး ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှာ ရှိနေတဲ့ အဖွဲ့ရဲ့ ကွင်းဆင်း ပညာရှင်တွေကိုပါ ငလျင်ဘေးသင့် ကယ်ဆယ်ရေး အစီအမံတွေအတွက် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နောက်တစ်သုတ် လေကြောင်းပို့ဆောင်မှုတွေမှာတော့ ရေသန့်စင်ရေး စနစ်တွေ၊ အရေးပေါ် ယာယီရွက်ဖျင်တဲတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဓာတ်မီးတွေနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ ပစ္စည်း ကိရိယာတွေ ထည့်ပေးလိုက်ဖို့ စီစဉ်နေတယ်လို့လည်း Samaritan’s Purseက ဆိုပါတယ်။

ပြီးတော့ ငလျင်ဘေးသင့် ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်စေဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ယုံကြည်စိတ်ချရတဲ့ ဒေသခံ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုးကား: Samaritan’s Purse

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။