Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ-၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက ဦးဆောင်ကာ အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ ၃၃အရ စစ်အာဏာရှင်ကို အမြန်ဆုံးအရေးယူဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသအတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ဒေသခံသပိတ်အင်အားစုတွေက Emergency Response Team – SRSF (အရေးပေါ် ကူညီရေးအဖွဲ့) ဖွဲ့ကာ လိုအပ်တာ​တွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးနေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။