Connect with us

Hi, what are you looking for?

သတင်း

ဂီတမိတ်ဆွေတွေ နှုတ်ဆက်ပို့ဆောင်ကြတဲ့ ဂျေညီညီဲရဲ့ နာရေး

အနုပညာနဲ့ပတ်သက်ရင် ရိုးသားသူလို့ အသိအမှတ်ပြုခံထားရတဲ့ အဆိုတော် ဂျေညီညီရဲ့ နာရေးကို ဒီကနေ့ ဧပြီ ၂ ရက်နေ့လည်က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ-‌၂၊၂၀၂၅။ဆဏ်း/People’s Spring

အနုပညာနဲ့ပတ်သက်ရင် ရိုးသားသူလို့ အသိအမှတ်ပြုခံထားရတဲ့ အဆိုတော် ဂျေညီညီရဲ့ နာရေးကို ဒီကနေ့ ဧပြီ ၂ ရက်နေ့လည်က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဂျေညီညီဟာ မတ် ၃၁ရက် နံနက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပါပြီ။ သူ့မှာ ဇနီးနဲ့ သားတစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။

သူရဲ့နာရေးကို အနုပညာလောက နာမည်ကြီး ဂီတတီးဝိုင်းအဖွဲ့သားတွေအပါအဝင် ဂီတမိတ်ဆွေအများအပြား လာရောက်နှုတ်ဆက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျေညီညီက စွဲနေပြီ ၊ အလွမ်းကဖီး ၊ ဒီမိုး ၊ လူပျိုကြီးပဲလုပ်တော့မယ် ၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှုရရှိတဲ့ သီချင်းများစွာကို သီဆိုခဲ့သူပါ။

ဂျေညီညီဟာ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် ပြည်သူတွေနဲ့ တသားတည်းနေတတ်သူဖြစ်ပြီး ဘဝကိုရိုးရှင်းစွာနေထိုင်သူလို့ အသိအမှတ်ပြုခံထားရသူပါ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။