Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်ခေါင်းဆောင် BIMSTEC ထိပ်သီးအစည်းအဝေးတက်မယ်လို့ ထိုင်းနိုင်ငံအတည်ပြု

ထိုင်နိုင်ငံမှာ ဧပြီ ၂ ရက်ကနေ ၄ ရက်အတွင်း ကျင်းပမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် လူကိုယ်တိုင်တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၊ ၂၀၂၅။ People’s Spring

ထိုင်နိုင်ငံမှာ ဧပြီ ၂ ရက်ကနေ ၄ ရက်အတွင်း ကျင်းပမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် လူကိုယ်တိုင်တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

အဲဒီပြောရေးဆိုခွင့်ရှိသူက စစ်ခေါင်းဆောင်ဟာ ညီလာခံနေ့ကိုလာတက်ဖို့ရှိတယ်လို့သာအတည်ပြုပြီး သူ့ခရီးစဥ်နဲ့ပတ်သက်လို့တော့ အသေးစိတ်ပြောကြားသွားတာမရှိပါဘူး။

လောလောလတ်လတ်အသေအဆုံးအပျက်အဆီးအလွန်များတဲ့ငလျင်ကြီးလှုပ်အပြီး အရေးပေါ်ကူညီကယ်ဆေးရေးတွေဆောင်ရွက်နေချိန်မှာ စစ်ခေါင်းဆောင်ဟာ နိုင်ငံပြင်ပကိုထွက်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ပေါင်းတစ်ရာကျော်အတွင်း အကြီးမားဆုံးငလျင်ဘေးကြောင့် ဗုဒ္ဓဟူးနေ့အထိစာရင်းတွေအရ ၂,၈၈၆ ဦး သေဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့အခုခရီးစဥ်ဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မင်းအောင်လှိုင်ဟာ ဘန်ကောက်ကို ပထမဆုံးအကြိမ် သွားရောက်မှု ဖြစ်လာမှာပါ။ BIMSTEC ညီလာခံမှာ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေဟာ ကျယ်ပြန့်တဲ့ အကြောင်းကိစ္စတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။

BIMSTEC ဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထ် လက်ထက်မှာ ပထမဆုံးအကြိမ် ကြီးမှူးခွင့်ရမယ့် နိုင်

ငံတကာ ထိပ်သီး ညီလာခံအဆင့် အစည်းအဝေးလည်း ဖြစ်လာမှာပါ။

အဲဒီ အစည်းအဝေးကို ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ ထိုင်းတို့ရဲ့ ခေါင်းဆောင်တွေအပြင် အာဏာသိမ်း စစ်ခေါင်းဆောင်လည်း တက်ရောက်ခွင့် ရလာတာပါ။

ကိုးကား-ရိုက်တာသတင်းဌာန

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။