Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် သုံးပါတ်ကြာအပစ်ရပ်မည်ဟု စစ်ကောင်စီဆို

ငလျင်ဘေးကြောင့်ဟုဆိုကာ ယနေ့(ဧပြီ ၂ရက်)မှ ၂၂ရက်အထိသုံး ပါတ်ကြာယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီ ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ငလျင်ကြောင့် နေပြည်တော်သမ္မတအိမ်တော် ပျက်စီးနေသည်ကို စစ်ခေါင်းဆောင်အဖွဲ့ ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - စကစ

■​အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်

မြေချဲ့ထွင်ခြင်းများပြုလုပ်ပါက တုန့်ပြန်သွားမည်ဟုလည်းဆို

ဧပြီ ၂၊ ၂၀၂၅။စိုင်းနန်/People’s Spring

ငလျင်ဘေးကြောင့်ဟုဆိုကာ ယနေ့(ဧပြီ ၂ရက်)မှ ၂၂ရက်အထိသုံး ပါတ်ကြာယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီ ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားစာနာထောက် ထားနားလည်ခြင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အ ဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဟုဆိုကာ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်ကြေညာခြင်းဟု ဆိုသည်။

ယာယီအပစ်ရပ်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ‌၎င်းတို့၏တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုရန်နှင့် ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု စစ်ကောင်စီက ထည့်သွင်းထုတ်ပြန်ထားသည်။

ယာယီအပစ်ရပ်ကြေညာသော်လည်း စစ်ကောင်စီသည် ယနေ့(ဧပြီ ၂ရက်) ညနေအထိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။ ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

နေပြည်တော်တွင် ယမန်နေ့ပြုလုပ်သည့် ငလျင်ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲတွင် တော်လှန်ရေးအင်အားစုများကို အကြမ်းဖက်များဖြင့်သုံးနှုန်းပြီး စစ်ပွဲအား ဆက်လက်တိုက်ခိုက်မည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သောခရိုင်များအတွင်း မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ တစ်ပတ်ကြာခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်မည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ကလည်း ဧပြီ ၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ပြည်သူလူထု ငလျင်ဘေးကြုံနေခဲ့သည့် မတ်လ ၂၈ရက်နောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့၍ ယနေ့ည အပစ်ရပ်ကြေညာချက်ကို မယုံကြည်ကြောင်း ယခုရက်ပိုင်းလေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ဒီနေ့ ဒီလောက်လာပစ်နေတာ အပစ်ရပ်တာက ဟုတ်ပမလားမသိပါဘူးဗျာ။ အရင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဖက် အပစ်ရပ်တယ်ပြောပြီးသွားသွားပစ်နေတာဘဲလေ။ မယုံကြည်တော့ဘူး”ဟု အဆိုပါရဲဘော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေးသတင်းမြစ်တစ်ဦးကလည်း ” လူထုက ငလျင်ဘေးကြုံနေချိန်မှာတောင် လေကြောင်းကနေတိုက်ခိုက်နေတဲ့ သတင်းတွေ နိုင်ငံတကာပေါ်ရောက်သွားလို့ နာမည်ကောင်းပြန်ရောက်အောင် အပစ်ရပ်ကြေညာတယ်လို့ပဲထင်တယ်။ နောက်ပြီး ငလျင်ကယ်ဆယ်ရေးကို သူမလုပ်နိုင်ဘူး။ ဒါကြောင့် ပြာယာခတ်ပြီး မလုပ်တတ်မကိုင်တတ်လို့ အပစ်ရပ်ကြေညာတာ”ဟု ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။