Connect with us

Hi, what are you looking for?

သတင်း

“လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ ဘန်​ကောက်မြို့မှာ စာတန်းချိတ်ဆွဲ ဆန္ဒပြ

ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့ ရှိ ​ကျောက်ဖရားမြစ်​ပေါ်မှတံတား တစ်စင်းမှာ မြန်မာအာဏာ သိမ်း​ခေါင်း​ဆောင်ကို ” လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ စာတန်းရေးသားပြီး​တော့ ဒီက​နေ့ (ဧပြီ ၄ရက) မနက်ပိုင်းမှာ ဆန္ဒပြခဲ့ပါတယ်။

ဧပြီ-၄၂၀၂၅။​နေ့သစ်/ People’s Spring

ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့ ရှိ ​ကျောက်ဖရားမြစ်​ပေါ်မှတံတား တစ်စင်းမှာ မြန်မာအာဏာ သိမ်း​ခေါင်း​ဆောင်ကို ” လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ စာတန်းရေးသားပြီး​တော့ ဒီက​နေ့ (ဧပြီ ၄ရက) မနက်ပိုင်းမှာ ဆန္ဒပြခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီကိုဧပြီ ၃ ရက်​နေ့မှာ ရောက်ရှိခဲ့ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် တည်းခိုတယ်လို့ဆိုတဲ့ရှန်ဂရီလာဟိုတယ်နဲ့ မနီးမဝေးက Somdet Chao Phraya တံတားပေါ်မှာ “We do not welcomeMurderer Min Aung Hlaing “ဆိုတဲ့စာတမ်းကိုချိတ်ဆွဲဆန္ဒပြခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆန္ဒပြစာတန်းဟာ ချိတ်ဆွဲ ဆန္ဒပြပြီး ၁ နာရီ အကြာမှာဖယ်ရှားခံခဲ့ရတယ်လို့သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်ကို ဆန္ဒပြတဲ့အ​နေနဲ့ထိုင်း​ရောက်မြန်မာ​တွေဟာ ဧပြီ ၄ ရက်​နေ့မှာ အလုပ်မဆင်းကြဖို့ ၊အနက်​ရောင်အဝတ်အစား​တွေဝတ်ဆင်ကြဖို့ ​နွေဦး​တော်လှန်​ရေးရဲ့ လူထုသပိတ်အင်အားစု​တွေက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ မင်း​အောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့ထိုင်းအစိုးရကို ပြည်သူ​တွေကြား​ဝေဖန်မှု​တွေမြင့်တက်လာပါတယ် ။”ငါတို့က မင်း​အောင်လှိုင်ကို မကြိုက်ဘူး ၊အခု မင်း​အောင်းလှိုင်ကို ထိုင်း​ခေါ်တဲ့ငါတို့အစိုးရကိုလည်း မကြိုက်​တော့ဘူး”လို့ အငှားယာဥ်​မောင်းတစ်ဦးက ဧပြီ ၄ ရက်မှာ​ပြောပါတယ်။

ဓါတ်ပုံ-The Reporters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။