Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို ဆန္ဒပြလို့ အဖမ်းခံရတဲ့ ထိုင်းကျောင်းသား ပြန်လွတ်မြောက်လာ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ထိုင်းတက္ကသိုလ် ကျောင်းသားဟာ စွဲချက်တင် မခံရဘဲ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ထိုင်းတက္ကသိုလ် ကျောင်းသားဟာ စွဲချက်တင် မခံရဘဲ ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

ဘင်္ဂလား ပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ညီလာခံ တက်ရောက်ဖို့အတွက် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားခဲ့တဲ့ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာရဲ့ ဆုံးဖြတ်ချက်ကို သာမာဆတ် တက္ကသိုလ်ရဲ့ ပထမနှစ် ကျောင်းသား တစ်ဦးက ဧပြီ ၄ ရက်မှာ ဆန္ဒပြရင်း အဖမ်းခံခဲ့ရတာပါ။

သတင်းတွေက ပွန်လို့ နာမည်ဖော်ပြတဲ့ လူငယ်ဟာ ရှန်ဂရီလာ ဟိုတယ်ရှေ့မှာ စုဝေးခဲ့တဲ့ ဆန္ဒပြ အဖွဲ့ထဲက ဖြစ်ပေမယ့် ဝန်ကြီးချုပ် ဖေထောင်ထန်ကို ဝေဖန် မေးခွန်းထုတ်ထားတဲ့ စာရွက်ကို ကိုင်ပြီး ဟိုတယ်ထဲထိ ဆန္ဒဝင်ပြခဲ့တာပါ။

အပြစ်မဲ့ ပြည်သူတွေရဲ့ သွေးတွေ စွန်းပေထားတဲ့ မင်းအောင်လှိုင်ရဲ့ လက်ကိုဆွဲပြီး နှုတ်ဆက်ရတာ ဘယ်လို ခံစားရသလဲလို့ ပွန်က ဖေထောင်ထန်ကို တိုက်ရိုက် ဝေဖန် မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို လုံခြုံရေး အရာရှိတွေက ဖမ်းဆီးထိန်းသိမ်းပြီး အဲဒီနောက်မှာတော့ ထိုင်းရဲတပ်ဖွဲ့ လက်ထဲ အပ်နှံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက လူသတ်သမား အာဏာရှင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက မကြိုဆိုဘူးလို့လည်း အော်ဟစ် ပြောဆိုနေခဲ့ပါတယ်။ ဒါ့အပြင် ဘင်းစတက် ညီလာခံ တက်ရောက်တဲ့ နိုင်ငံတွေကရော ဒီမိုကရေစီကို ထောက်ခံ အားပေးပါတယ်လို့ ပြောနေရင်းနဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တဲ့ အာဏာရှင် တစ်ဦးကို အရောတဝင် လုပ်နေတာ မရှက်ကြဘူးလားလို့ လှောင်ပြောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ထိုင်းပြည်သူတွေဟာ လူသတ်သမား အာဏာရှင်တွေကို လက်မခံကြောင်းလည်း ပွန်က ပြောပါတယ်။

ဖေထောင်ထန်ရဲ့ အစိုးရဟာ နိုင်ငံတကာ ဝေဖန် ပြစ်တင်မှုတွေ ရှိနေတဲ့ကြားကနေ မင်းအောင်လှိုင်ကို ဘင်းစတက် ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဟာ အခုလိုမျိုး တင်းမာခါးသီးတဲ့ ဆန္ဒပြ ဆန့်ကျင်မှုတွေကို ကြုံနေရတာလည်း ဖြစ်ပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်