Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင် စစ်ကိုင်းမြို့လာရောက်စဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ

ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းမြို့သို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် စစ်ကိုင်းမြို့ရောက်ရှိလာစဉ်။ ဓာတ်ပုံ - စကစ

ဧပြီ ၇၊၂၀၂၅။ခွာညို/People’s Spring

အာဏာသိမ်းခေါင်းဆောင် စစ်ကိုင်းမြို့သို့သွားစဉ် လုံခြုံရေးယာဉ်တန်း၌ အချုပ်ကားအလွတ်တစ်စီး ပါလာ၊ လူငယ်တချို့ဖမ်းဆီးခံရ

ခွာညို/People’s Spring

ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ရ ရက် မန္တ​လေးနှင့် စစ်ကိုင်းသို့ ​နေ့ချင်းပြန်သွား​ရောက်ခဲ့သည်။ငလျင်ဗဟိုချက်နှင့် အနီးဆုံး စစ်ကိုင်းမြို့သို့ မန္တလေးမြို့မှတစ်ဆင့် ဧပြီ ၆ ရက်​နေ့ခင်းပိုင်းတွင်ရောက်ရှိလာခြင်းဖြစ်သည်။

“တပ်မ (၃၃)ထဲက ကောင်တွေ အကုန်လုံခြုံရေး ယူတယ်။ ထူးဆန်းတာကအချုပ်ကားခါလီ
(အလွတ်)တစ်စီးပါလာတယ်ဗျ။ ကယ်ဆယ်ရေးလုပ်နေတဲ့ အထဲက စစ်ကိုင်းတိုင်းထဲက လူငယ်တချို့ ဖမ်းသွားတယ်ကြားတယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

စစ်ကိုင်းမြို့​ပေါ်မှလူငယ်တချို့ဖမ်းဆီးခံရကြောင်း စစ်ကိုင်းတိုင်းမှ PDFတဦးက ပြောသည်။ဖမ်းဆီးခံရသည့်သူငယ်များနှင့်ပတ်သက်၍ People’s Spring ကအ​သေးစိပ်မသိရ​သေး​ပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးအခြေအနေအရ စစ်ကိုင်းမြို့ပေါ်သို့ မသွားကြဘဲ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ဒေသများတွင်သာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကလေးတချို့ အဖမ်းခံရတယ်။ PDFလို့ စွပ်စွဲပြီးဖမ်းတာလား။ စစ်သားစုဆောင်းတာလားတော့မသိဘူး။ လူငယ်တချို့ဖမ်းဆီးခံရတာမှန်တယ်။ စိတ်ထင်ရာတွေလုပ်နေတာ ဒီကောင်တွေရဲ့ယုတ်မာမှုကို စကားနဲ့တောင်ပြောမတတ်ဘူး”ဟု စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၃ မတ်လတွင် နောက်ဆုံးသွားရောက်ခဲ့ပြီး ၂ နှစ်ကြာပြီးမှ ငလျင်လှုပ်ပြီး​​နောက်စစ်ကိုင်းမြို့သို့ သွားခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ပြီး ဆယ်ရက်အကြာမှ ရောက်လာခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် ရဟတ်ယာဉ်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့သည်။

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ဒေသများသို့ အရပ်ဖက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပေးပို့ကူညီမှုများကို ကန့်သတ်နေပြီး တော်လှန်ရေးအားအကောင်းဆုံးဖြစ်သည့်စစ်ကိုင်း တိုင်းကို ကျန် ဒေသများထက် ပိုမိုကန့်သတ်ထားသည်။

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များ သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင် ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုမည်ဟု စစ်ကောင်စီဒုတိယခေါင်းဆောင်ကဧပြီလ၅ရက်တွင် ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းတွင် စစ်ကိုင်းမြို့သည် ငလျှင်ဒဏ်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။ မတ်လ ၂၈ရက်က လှုပ်သည့်ငလျင်ကြောင့်စစ်ကိုင်းတိုင်းအတွင်းပြည်သူ ၆၉၃ဦး သေဆုံးပြီးနှစ်ဦး ပျောက်ဆုံးနေကာ၈၇၀ဦးဒဏ်ရာရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ဧပြီလ၆ရက်တွင်ထုတ်ပြန်ထားသည်။ ဘေးသင့်ပြည်သူ ၄သိန်းကျော်ရှိပြီး နေအိမ်အဆောက်အအုံ ၅၀၀၀ခန့်ပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေသည်ဟု NUGကအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။