Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ်ဗဟိုပြုလှုပ်ခတ်သည့်ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီ ဖိအားပေးခေါ်ခိုင်း

စစ်ကိုင်းမြို့နယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကို မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သွားမည်ဟု စစ်ကောင်စီက ယနေ့(ဧပြီ ၇ရက်)တွင် ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်သည့်ငလျင်ကြောင့် မန္တလေးမြို့ကျုံးအုတ်ရိုးပြိုကျနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၇၊၂၀၂၅။People’s Spring

စစ်ကိုင်းမြို့နယ်အတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကို မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သွားမည်ဟု စစ်ကောင်စီက ယနေ့(ဧပြီ ၇ရက်)တွင် ထုတ်ပြန်သည်။

မှတ်တမ်းပြုစုရာနှင့် ဖော်ပြချက်များတွင် တူညီလွယ်ကူစေရန်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။

ထို့အပြင် မီဒီယာများအနေဖြင့်လည်း မန္တလေးငလျင်ကြီးဟု ရေးသားပေးကြရန် စစ်ကောင်စီ ၏ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့သော ဖျက်အားပြင်းငလျင်ကြီးသည် စစ်ကိုင်းမြို့အနီးရှိ ​ရေခါးအင်းကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇အဆင့်ရှိ မြေငလျင်ကြီးဖြစ်သည်။ မြေငလျင်ကြီးမှာ မြေအနက် ၆မိုင်​ကျော်ကိုဗဟိုပြု​သော​ဇောက်တိမ်ငလျင်ဖြစ်သည်။​ဇောက်တိမ်ငလျင်ဖြစ်၍ဖျက်အားပိုကြီးခဲ့သည်ဟုပညာရှင်များ​က ပြောသည်။

ငလျင်ဘေးကြောင့် ဧပြီ ၇ရက်ညအထိ စာရင်းအရ သေဆုံးသူ ၃၆၀၀ဦး သေဆုံးပြီး၊ ၅၀၁၇ဦး ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူ ၁၆၀ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။