Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့၉၅ မြို့ရှိလာ

အမှတ်(၁)စစ်​ဒေသ​အောက်မှာရှိတဲ့PDF၊ ABSDF ၊ အထူးကွန်မန်ဒိုတပ်ရင်း​တွေ၊ပကဖ ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေ နဲ့ KIA တို့က စစ်ကိုင်းတိုင်းအင်း​တော်မြို့ကို ဧပြီ ၇ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်​နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၅ မြို့ ရှိလာပြီဖြစ်ပါတယ်။

People's Spring အင်ဖိုဂရပ်

People’s Spring

အမှတ်(၁)စစ်​ဒေသ​အောက်မှာရှိတဲ့ PDF၊ ABSDF၊ အထူးကွန်မန်ဒိုတပ်ရင်း​တွေ၊ ပကဖ ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေ နဲ့ KIA တို့က စစ်ကိုင်းတိုင်းအင်း​တော်မြို့ကို ဧပြီ ၇ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်​နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၅ မြို့ ရှိလာပြီဖြစ်ပါတယ်။

​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ သြဂုတ်လကတည်းကထိုးစစ်ဆင်လိုက် ခတ္တရပ်နားလိုက်၊ပြန်ထိုးစစ်ဆင်လိုက်နဲ့ တိုက်ခိုက်ခဲ့ပြီး ဧပြီ ၇ ရက်ညမှာမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဧပြီ ၇ ရက်​နေ့မှာ ချင်းညီ​နောင်ကလည်း ချင်းပြည်နယ်က ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ သတင်း​တွေ ကျယ်ကျယ်ပြန့်ပြန်ြထွက်​ပေါ်​​နေ​ပေမယ့် ​ချင်းညီ​နောင်ဘက်က တရားဝင်သတင်းထုတ်ပြန်တာကို​စောင့်​ပေးဖို့​ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာ စစ်​ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပြီး တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်​နေပါတယ်။ MNDAA နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ဖိအား​ပေးမှုနဲ့ MNDAA က စစ်​ကောင်စီကို ဧပြီ တတိယပါတ်မှာမြို့​ပေါ်ရပ်ကွက်​​တွေကိုပြန်လွှဲ​​ပေးရမယ်ဆိုတဲ့ သတင်း​တွေလည်းကျယ်ပြန့်စွာထွက်​ပေါ်​နေပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ KIAက ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့လက်ကျန်တပ်ရင်း​တွေ၊တပ်ရင်းဌာနချုပ်​တွေ၊ စခန်း​တွေထိုးစစ်ဆင်​နေသလို၊ ကရင်နီပူး​ပေါင်းတပ်က လည်း ​ဘော်လခဲမြို့က စစ်တပ်စခန်း​တွေ ၊တပ်ရင်း​တွေကို ထိုးစစ်ဆင်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဧပြီ ၁၈၊၂၀၂၅။ယောနသံ/People’s Spring ကလေး − ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း ငါးခု သိမ်းပိုက်ခဲ့သည့်စစ်ဆင်ရေးများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာကြသည့် ကျောင်းသားတပ်မတော် ABSDF ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ABSDF အမှတ်(၃) စစ်ကြောင်းက ထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်...

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။