Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲ စစ်သုံ့ပန်း ၄၀ ကျော်နှင့် လက်နက်ခဲယမ်းများရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၇ရက်ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းအများအပြားရရှိခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှ သိမ်းရသောလက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့

ဧပြီ ၈၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၇ ရက်ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းအများအပြားရရှိခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဩဂုတ်က စတင်ခဲ့ရာ ၈လခန့်အကြာ ဧပြီ ၇ရက် ညပိုင်း၌ နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ ဂျပန်လှိုင်ဂူကုန်းကို အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကျောင်းသားတပ် ABSDF ၊ပကဖ စ​သော အမှတ် (၁)စစ်​ဒေသ​အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သုံ့ပန်း ၄၀ကျော်တယ်။ တပ်မမှူး ဒဏ်ရာရ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြော သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသည့် တပ်မမှူးကို ဖမ်းမိထားခြင်းရှိ၊မရှိ သို့မဟုတ် ထွက်ပြေးလွတ်မြောက်သွားခြင်းရှိ၊မရှိ အခြေအနေကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ကချင်စစ်ရေးသတင်းရင်းမြစ်က အင်းတော်မြို့သိမ်းတိုက်ပွဲ၌ သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ ဓာတ်ပုံမှတ်တမ်းနှင့် ဂျပန်လှိုင်ဂူကုန်းသို့ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်မှု အခြေအနေ ရုပ်သံမှတ်တမ်းကို ပြသသည်။

မှတ်တမ်းတွင် ဟောင်ဝစ်ဇာ အပါအဝင် လက်နက်ကြီးများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိထားသည်ကို တွေ့ရသည်။

“ ဂျပန်လှိုင်ဂူပါ၊ဂျပန်လှိုင်ဂူ အခန်းများတယ်နော်။ တပ်မမှူးနေရာဒီဟာနေမှာပေါ့နော်” ဟု ရုပ်သံမှတ်တမ်း၌ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသံကိုလည်း ကြားရသည်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် KIA သတင်းပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

“ ယာယီအပစ်ရပ်မှာ KIOရဲ့ကြေညာချက်ဟာ KIAနယ်မြေအကျုံး၀င်တယ်။ NUG ကြေညချက်မှာ ငလျင်ဒဏ်သင့်ဒေသများလို့ ပါတယ်။ အင်းတော်မြို့မှာ ငလျင်ဒဏ်သင့်ဒေသမဟုတ်ပါ။” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက အင်းတော်မြို့သိမ်းပိုက်မှုအပြီးတွင် ရှင်းပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုနဲ့ အခြေခံနိုင်ငံရေး သင်တန်းဖွင့်လှစ်မှုတွေ ဒီကနေ့ (မေ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၄)မှာ ပြုလုပ်ခဲ့ပါတယ်။