Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းအောင်ပွဲ CNF ဂုဏ်ပြု

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအပြီး တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - ချင်းညီနောင်

ဧပြီ ၁၀၊၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

ချင်းညီနောင်နှင့် မဟာမိတ်များက ၂၀၂၄ နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့သည့် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးသည် ယခု ဧပြီ ၉ရက်အထိ ၅လအကြာတွင် အောင်မြင်ပြီးမြောက်ခဲ့ဟု ချင်းညီနောင်က အသိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်ဟု CNF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အ၀ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများအားလုံးကို တိုက်တွန်းကြောင်းလည်း CNFက ထုတ်ပြန်သည်။

CNFသည် ချင်းပြည်ကောင်စီစုဖွဲ့မှုတွင် ပါဝင်သည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် ချင်းပြည်နယ်တွန်းဇံမြို့အပါအဝင် မြို့ ၇မြို့နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ထားသည်။

တက်ဖက်တွင် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အင်အားစုများသည် ပြဿနာအချို့ရှိနေသော်လည်း ချင်းအမျိုးသားကောင်စီအဖြစ် ပြန်လည်ပေါင်းစည်းနိုင်ရေး နှစ်ဖက်သဘောတူညီချက် ချမှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခုကို သိမ်းရခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတင်းထုတ်ပြန်ပါတယ်။