Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်နယ် ပဲခူးရိုးမအစပ်‌ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပဲခူးတိုင်းအတွင်း နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ ပဲခူးရိုးမအစပ်ရှိ ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ထိခိုက်သေဆုံးမှုရှ်ိကြောင်း ဒေသခဲများကပြောသည်။

ဧပြီ ၁၂၊၂၀၂၅။မိထက်/People’s Spring

ပဲခူးတိုင်းအတွင်း နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ ပဲခူးရိုးမအစပ်ရှိ ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ထိခိုက်သေဆုံးမှုရှ်ိကြောင်း ဒေသခဲများကပြောသည်။

ပဲခူးရိုးမအစပ်ရှိ ကျေးရွာတစ်ရွာကို ဧပြီ ၁၁ရက် ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။ ထိုသို့ တိုက်ခိုက်မှုကြောင်း အရပ်သားထိခိုက်သေဆုံးမှုရှိနေပြီး စာရင်းကောက်ယူနိုင်ရေး ကြိုးစားနေဆဲဟု ဆိုသည်။

” ဂျက်ဖိုက်တာနဲ့ ပစ်သလို ပြည်ကနေလည်း စက်တပ်လေထီးတွေ တောက်လျှောက်တက်နေတယ်။ ရိုးမအစပ်တွေကို လိုက်ပစ်နေတာဗျ။ ဒါတွေ ကျနော်တို့မှတ်တမ်းယူထားတယ်။ ဒါက တစ်ဖက်သတ် ပစ်ခတ်နေတာဖြစ်တယ်”ဟု ပဲခူးတိုင်းမှ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မတ်လ ၂၃ရက်ညကလည်း ပေါင်းတည်မြို့အတွင်း ရိုးမအစပ်နေရာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် အပစ်ရပ်စာချုပ်ကို မလိုက်နာဘဲ ကြည်း၊ ရေ၊ လေအင်အားသုံးတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေကြောင်း အာရက္ခတပ်တော်( AA)က ဧပြီ ၅ရက်တွင် ထုတ်ပြန်ထားသည်။

ငလျင်ဘေး ကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဧပြီ ၂ရက်မှ ၂၂ ရက်အထိ ယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီက ဧပြီ ၂ရက်တွင် သတင်းထုတ်ပြန်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည်။

AAနှင့် ပူးပေါင်းတပ်များသည် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်မှ စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး AA၊ MNDAAနှင့် TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ဧပြီ ၁ရက်မှစတင်ကာ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ထုတ်ပြန်ချက်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းတွင် ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက်မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ကြောင်း၊စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာသည့် ၂၀၂၅ ဧပြီ ၂ရက်နှင့် ယင်းနေ့ရက်မတိုင်မီရက်များတွင်လည်း ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသောနေရာများရှိ AA စစ်ကြောင်းများကိုလည်း တန်ပြန်ထိုးစစ်များ ဆင်နွှဲနေကြောင်း ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းတွင်၊ ပန်းတောင်းမြို့နယ်မှ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များအား လုံခြုံရေးယူပေးနေသည့် ညောင်ကျိုးဗျူဟာစခန်းကုန်းအား မတ်လ ၂ရက်တွင် AAက သိမ်းယူခဲ့သည်။ စစ်ကောင်စီတပ်သည် ပန်း‌တောင်းနှင့် ပေါင်းတည်မြို့အပြင် ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်မှကျေးရွာအချို့ကိုလည်း ယခုရက်ပိုင်းအတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီးစစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။​

သတင်း

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ဒေသခံပြည်သူ ၂ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက ဒီနေ့ မတ်လ ၂ရက်မှာထုတ်ပြန်ပါတယ်။