Connect with us

Hi, what are you looking for?

သတင်း

မြန်မာသင်္ဘောသားတွေလိုက်ပါတဲ့ရေနံတင်သင်္ဘော ရုရှားနဲ့ဆက်စပ်လို့ အက်စ်တိုးနီးယားက ကြားဖြတ်ဖမ်းဆီး

ရုရှားနဲ့ ဆက်စပ်တဲ့ ရေနံတင်သင်္ဘောတစ်စီးကို အက်စ်တိုးနီးယားက ကြားဖြတ်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ မြန်မာသင်္ဘောသားတွေပါ အဖမ်းခံထားရကြောင်း သိရပါတယ်။

အက်စ်တိုးနီးယားက ကြားဖြတ်ဖမ်းဆီးတဲ့ မြန်မာသင်္ဘောသားတွေလိုက်ပါတဲ့ရေနံတင်သင်္ဘော။ ဓာတ်ပုံ-AP ၊ telegrafi

ဧပြီ ၁၃၊၂၀၂၅၊ရဲခေါင်/People’s Spring

ရုရှားနဲ့ ဆက်စပ်တဲ့ ရေနံတင်သင်္ဘောတစ်စီးကို အက်စ်တိုးနီးယားက ကြားဖြတ်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ မြန်မာသင်္ဘောသားတွေပါ အဖမ်းခံထားရကြောင်း သိရပါတယ်။

ရေကြောင်းသယ်ယူပို့ဆောင်ရေး ဥပဒေတွေကို ချိုးဖောက်ကြောင်း စွပ်စွဲချက်နဲ့ Kiwala ရေနံတင် သင်္ဘောကို အက်စ်တိုးနီးယားရဲ့ မြို့တော်တယ်လင်းနားမှာမှာ ဧပြီ ၁၁ ရက်နေ့က ကြားဖြတ်ဖမ်းဆီးခဲ့တာလို့ အက်စ်တိုးနီးယားအာဏာပိုင်တွေက ပြောပါတယ်။

ပြီးတော့ အဲဒီ ရေနံတင်သင်္ဘောဟာ ရုရှားအပေါ် နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုတွေကို ဘောင်ကျော် ချိုးဖောက်ပြီး ရုရှားအတွက် အလုပ်လုပ်ပေးနေတဲ့ Shadow Fleetလို့ခေါ်တဲ့ အရပ်ဖက်ကုန်သွယ် သင်္ဘောတွေထဲမှာ အပါအဝင် ဖြစ်တယ်လို့လည်း အက်စ်တိုးနီးယားက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အက်စ်တိုးနီးယားက ကြားဖြတ်ဖမ်းဆီးတဲ့ မြန်မာသင်္ဘောသားတွေလိုက်ပါတဲ့ရေနံတင်သင်္ဘော။ ဓာတ်ပုံ-AP ၊ telegrafi

ဒါဟာ NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ပါဝင်တဲ့ ဘောလ်တစ် ဒေသတွင်း နိုင်ငံက ရုရှားရဲ့ Shadow Fleet စာရင်းမှာ ပါဝင်ကြောင်း စွပ်စွဲချက်နဲ့ အရပ်ဖက် ရေယာဉ်တစ်စီးကို ပထမဆုံး ဖမ်းဆီးမှုလည်း ဖြစ်လာပါတယ်။

တယ်လင်းမြို့ပြင် အေဂ်နာ ကျွန်းနားမှာ အဲဒီ ရေယာဉ်ကို အက်စ်တိုးနီးယား ရေတပ်ရဲ့ ရဟတ်ယာဉ်နဲ့ စစ်ရေယာဉ်တွေ အသုံးပြုပြီး ကြားဖြတ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်း အမှုထမ်း ၂၄ ဦး လိုက်ပါလာကြောင်း၊ အဲဒီထဲမှာ ရေယာဉ်မှူး ကပ္ပတိန်က တရုတ်နိုင်ငံသားဖြစ်ကြောင်း အက်စ်တိုးနီးယား ရေတပ် အကြီးအကဲ အိုင်ဗို ဗာ့ခ်က ပြောပါတယ်။

သင်္ဘောပေါ်က မြန်မာအမှုထမ်း အရေအတွက်ကို အာဏာပိုင်တွေက တိတိကျကျ မထုတ်ပြန်ပေမယ့် ရေယာဉ်မှူးကလွဲရင် မြန်မာဝန်ထမ်းတွေချည်း ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

” သင်္ဘောက Europe မှာ Sanction ထိထားတယ်။တရားမဝင်ဘူး။အဲ့ဒါကို မြန်မာသင်္ဘောသားတွေတင်ထားတာက အမှောက်တွေနဲ့ တင်ထားတာ။အဲ့လိုသင်္ဘောမျိုးကို အမှန်သမားတွေကြ မလိုက်ကြဘူး။အဲ့တော့ sanction ထိထားလို့ဖမ်းတဲ့အချိန် သင်္ဘောသားတွေရဲ့ document တွေ ကတလွဲတွေဆိုတော့ ပိုဆိုးတယ်။အမှောက်ဆိုတာကတော့ လက်မှတ်တွေကိုအင်ထုထားတာ။နောက်တစ်အုပ်ပွားထားတာပေါ့။ရန်ကုန်ကနေထွက်တော့ အမှန်နဲ့ပြပြီး သင်္ဘောပေါ်မှာတော့ အတုနဲ့လုပ်နေတာပေါ့”လို့ ရန်ကုန်မြို့က သင်္ဘောသား အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ထိန်းသိမ်းခံရတဲ့ ရုရှားရေနံတင်သဘော်ဖြစ်စဥ်ကို လူထုနွေဦးကို ရှင်းပြပါတယ်။

ထိန်းသိမ်းခံရတဲ့ သင်္ဘောပေါ်ကမြန်မာနိုင်ငံသားတွေရဲ့ အခြေအနေဟာ အက်စတိုးနီးယားနိုင်ငံရဲ့ အရေးယူမှုအပေါ်မှာ မူတည်နေတယ်လို့လည်း သူကဆိုပါတယ်။

“အများအားဖြင့်တော့ သူတို့ဆီမှာ Banလိုက်ပြီး ကိုယ့်နိုင်ငံကို ပြန်လွှတ်လိုက်တာများတယ်။နောက်ဆိုအဲ့ သင်္ဘောသားက အဲ့နိုင်ငံတွေကို ဝင်မရတော့ဘူး”လို့ အထက်ပါလုပ်ငန်းရှင်က ပြောပါတယ်။

လုပ်ထုံးလုပ်နည်းအရ Kiwalaလို သင်္ဘောမျိုးဟာ ခုတ်မောင်းသွားလာနေခွင့် မရှိကြောင်း၊ အက်စ်တိုးနီးယားက အဲဒီ သင်္ဘောကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ထိန်းသိမ်းပိုင်ခွင့် ရှိနေကြောင်း ဗာ့ခ်က ဆိုပါတယ်။

Kiwalaကို ဥရောပ သမဂ္ဂ၊ ကနေဒါ၊ ဆွစ်ဇာလန်နဲ့ ဗြိတိန်တို့ကလည်း ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ရေယာဉ်ဟာ ရုရှားရဲ့ အူစ်ထ်လူဂါ ဆိပ်ကမ်းဆီ ဦးတည် ခုတ်မောင်းနေချိန်မှာ ကြားဖြတ် ဖမ်းဆီးခံခဲ့ရတာပါ။

စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပေမယ့် အဲဒီ သင်္ဘောဟာ အရေးယူ ပိတ်ဆို့မှုကို လျှို့ဝှက်ဖောက်ဖျက်ပြီး ရုရှားရေနံတွေကို တာဝန်ယူ သယ်ယူပို့ဆောင်ပေးနေတယ်လို့ ယုံကြည်ရကြောင်း အက်စ်တိုးနီးယားက ပြောပါတယ်။ အဲဒီ ရေနံတင် သင်္ဘောကို လောလောဆယ် အက်စ်တိုးနီးယား ရေတပ်သင်္ဘော ၃ စီးက ခြံရံ စောင့်ကြပ်နေပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ထွက်ခွာခွင့် ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ကိုးကား: TVP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။