ဧပြီ-၁၃၊၂၀၂၅။ရဲခေါင်/People’s Spring
ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌပိုင်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီး ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း သတ္တုတူးဖော်ရန် လုပ်နေမှုများအပြီးအပိုင်ဆုတ်ခွာ ရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုကယနေ့(ဧပြီ ၁၄ ရက်)ထုတ်ပြန်လိုက် သည်။
KNLP ဥက္ကဌ၏ လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံသားပိုင် မစ္စတာဝမ်ကုမ္ပဏီတို့သည် သိကျိတ်ကျေးရွာအနီးရှိ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

သတ္တုတူးဖော်ပါက အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်းကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်းဘေးဥပါဒ်ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက အသိပေးသည်။

Public Service Announcement
ထိုကြောင့် ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသ၊ ရွာတန်းရှည်ကျေးရွာတွင် ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီဝင်များ၊ဆွေမျိုးစုလူငယ်ဗဟိုကော်မတီဝင်များနှင့်ကျေး ရွာအုပ်ချုပ်ရေး ကိုယ်စားလှယ်များ ဧပြီ ၁၃ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့သည်။ဆွေးနွေးပွဲတွင်ပရာဒေါင်းဆွေ မျိုးစုဒေသအတွင်းKNLPဥက္ကဌ၏လေးပွင့်ကြယ်ကုမ္ပဏီမှ ဒေသခံပရာဒေါင်းဆွေမျိုးစုနှင့်ဒေသခံပြည်သူလူထုကိုအသိပေးညှိနှိုင်းမှုမရှိဘဲကုမ္ပဏီသဘောဆန္ဒဖြင့်သာမြင်းမထိတောင်တွင် အကြီးစား သတ္ထုဝင်ရောက်တူးဖော်ထုတ်ယူခြင်းဖြစ်ကြောင်းအသိပေးသည်။
ထို့ကြောင့်ညှိနှိုင်းမှုဆုံးဖြတ်ချက်အရလေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း သတ္ထုဝင်ရောက်ထုတ်ယူတူးဖော်သည့်ကိစ္စသည် ပရာဒေါင်းဆွေမျိုးစုနှင့်ပရာဒေါင်းပြည်သူလူထုမှ (လုံးဝ) လက်မခံနိုင်ပါသဖြင့်ပြင်းထန်စွာကန့်ကွက်သွားမည်ဟုဖော်ပြသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်မှစတင်ခဲ့သော နွေဦးတော် လှန်ရေး မပြီးဆုံးမချင်းပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း အကြီးစားသတ္ထုတူးဖော်မည့် မည်သည့် ကုမ္ပဏီများကိုမဆို ပရာဒေါင်းဆွေမျိုးစုမှ (လုံးဝ)လက်ခံခွင့်မပြုဟု ထုတ်ပြန်သည်။

လက်ရှိလေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ လုပ်ငန်းခွင်အတွင်းပို့ဆောင်လျက်ရှိသောပုဂ္ဂိုလ်များ၊ လုပ်သားများ၊ စက်ယန္တရားများအားလုံးကို ဧပြီလ ၂၀ရက်တွင် နောက်ဆုံးထားပြီး အပြီးအပိုင်ဆုတ်ခွာ ရုပ်သိမ်းပေးရန်လည်းပရာဒေါင်းဆွေမျိုးစုကတောင်းဆိုသည်။
တောင်းဆို အသိပေးစာအတိုင်း လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ လေးစားလိုက်နာမှုမရှိပါက နောက် ဆက်တွဲ ဖြစ်ပေါ်လာမည့်ကိစ္စများအားလုံးကို ပရာဒေါင်းဆွေမျိုးစုမှ တာဝန်ယူမည်မဟုတ်ကြောင်း နှင့် ၎င်းကိစ္စများအားလုံးကို လေးပွင့်ကြယ်ကုမ္ပဏီလီမိတက် တာ ဝန်ရှိသည့်ပုဂ္ဂိုလ်များမှ အပြည့်အဝတာဝန်ခံရမည်ဖြစ်ကြောင်း လည်း အသိပေးသည်။
“လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီ တစ်ခုကို ၅ နှစ်စာချုပ် ချုပ်ပြီးခေါ်လာတာ။ကံဆန်းရွာ (ရှမ်း -ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ် သတိကျိတ် ကျေးရွာအုပ်စု)ကနေ ရွေ့လာတာ။လေးပွင့်ကြယ် ကုမ္ပဏီက ကယန်းပြည်သစ်ပါတီ ဥက္ကဌ ရဲ့ကုမ္ပဏီ”ဟုပရာဒေါင်းဆွေးမျိုးစု တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဖယ်ခုံမြို့နယ် ကယန်းပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေ နှင့် ပရာဒေါင်းဆွေမျိုးစု ဒေသများတွင် ထွက်ရှိသည့် သတ္တုတွင်”ခဲ” သာအများဆုံးဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
ပရာဒေါင်းဆွေမျိုးစု၏ တောင်းဆိုအသိပေးမှုနှင့်ပတ်သက်၍ KNLP ဥက္ကဌ ဦးသန်းစိုးနိုင်ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်မှုမရှိပေ။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခု ဖြစ်ပြီး ပရာဒေါင်းဆွေမျိုးစုရှိသည့်မြင်းမထိဒေသသည်ကယန်းပြည်သစ်ပါတီ KNLP ၏ထိန်းချုပ်နယ်မြေအတွင်းရှိနေသည်။
လက်ရှိကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC) အား ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူထားသည်။ ကယန်းပြည်သစ်တပ်မတော်၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ဆီဘူးဒေသတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။
စစ်တပ်နှင့် ၁၉၉၄ ခုနှစ်ကတည်းကအပစ်ရပ်စာချုပ်ချုပ်ဆိုထားသည်။ ကယန်းပြည်သစ်ပါတီသည် လက်ရှိအချိန်ထိ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီနှင့်လည်း ပူးပေါင်းသည်ကို တရားဝင် မတွေ့ရပေ။
