Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့စစ်သုံးဦး CDF ဟားခါးထံ အလင်းဝင်၊ တပတ်အတွင်း ၆ ဦးအလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က အသိပေးသည်။

ပြည်သူ့စစ်သုံးဦး အလင်းဝင်လာစဥ်။ ဓာတ်ပုံ - CDF-Hakha

ဧပြီ ၁၅၊၂၀၂၅။ တေဇ/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က အသိပေးသည်။

ဧပြီ ၁၃ရက်တွင် ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် MA1 တစ်လက်၊ MA3 တစ်လက်နှင့် MA11 တစ်လက် တို့နှင့်အတူ Chinland Defense Force – Hakhaထံသို့ အလင်းဝင်လာ၍ ငွေသားဆုများချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ငွေသားဆုများ ပေးအပ်ချီးမြှင့်စဥ်။ ဓာတ်ပုံ – CDF-Hakha

“စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို မိမိတို့ Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် Chinland Defense Force – Hakha သို့ ဧပြီ ၆ ရက်တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး ‌လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ပြီး ဧပြီ ၇ ရက်တွင်လည်း ဟားခါးမြို့မှ ပြည်သူ့စစ်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။