Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်တပ်လေကြောင်းတိုက်၊ ကလေးငယ်အပါအဝင် ၄ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး သေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့‌ ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ တပ်ခွဲ ၃တာဝန်ခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး သစ်ဆိမ့်ကျေးရွာအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဧပြီ ၁၆၊ ၂၀၂၅။ ရှိန်း၊ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး သေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့‌ ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ တပ်ခွဲ ၃တာဝန်ခံက ပြောပါတယ်။

သစ်ဆိမ့်ကျေးရွာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒီနေ့ နေ့လည်၂နာရီ လောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ ဆေးရုံကို ပစ်တာ ။ လွဲသွားလို့ ဆေးရုံအနောက်ဘက်က အိမ် ၃အိမ်ထိသွားတာပါ”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုအပြီး သစ်ဆိမ့်ကျေးရွာအတွင်း တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့

သစ်ဆိမ့်ဆေးရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံနဲ့ ဘောလုံးကွင်းကြားက နေအိမ်ပေါ်ကျကာ အသက် ၅နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး စုစု‌ပေါင်း ၄‌ဦးသေဆုံးကာ ခုနစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

“ရဲဘော်တွေက အဲဒီမှာမနေဘူး။ ပြည်သူတွေထိတာ။ အရင်ထဲက သတင်းပေါက်ထားတာ။ တမြို့နယ်လုံးကို။ အဲတာ ဘာမှမကြာဘူး။ လာကြဲသွားတာပဲ။ ကျော်စိုးဦးတို့လည်း တင်နေတာလေ”လို့ တပ်ရင်း ၁၈၊ တပ်ခွဲ ၃တာဝန်ခံဗိုလ်ကျားကြီးကပြောပါတယ်။

‌သစ်ဆိမ့်ကျေးရွာဟာ ဝက်လက်မြို့နယ်အရှေ့ပိုင်းမှာရှိပြီး တော်လှန်ရေးတပ်တွေ ၂၀၂၁ကတည်းက သိမ်းယူထားတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက ဝန်းသို၊ ကောလင်း၊ ကနီမြို့နယ်တွေ၊ မန္တလေးတိုင်းက သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး မြို့နယ်တွေ၊ ချင်းပြည်နယ်က မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒါ့အပြင် ကချင်၊ ကရင်၊ ကရင်နီ၊ ရက္ခိုင်နဲ့ ရှမ်းမြောက်ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့ ညနေပိုင်းမှာလည်း မင်းတပ်မြို့ပေါ် တနေရာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးထားပါတယ်။

ထိခိုက်ပျက်စီးမှုတွေရှိနိုင်ကြောင်းနဲ့ ယခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေလို့ အထူးဂရုစိုက်ကြဖို့လည်း မင်းတပ်ဒေသခံက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။