Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ် စစ်တပ် လေကြောင်းတိုက်ခိုက် ပြည်သူ သုံးဦး ဒဏ်ရာရ

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၁၉၊၂၀၂၅၊ရှိန်း၊ ဆိုင်းမင်း / People’s Spring

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ နေ့ခင်း ၁နာရီခွဲကျော်မှာ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးက သန်းတောတဲတိုက်အနီးကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ပေါင် ၂၅၀ဗုံး နှစ်လုံးကြဲခဲ့တာလို့ သိရပါတယ်။

“အခုကြဲသွားပြီ၊မြင်ရတာကတော့ ရှားကွဲဘက်ပဲ၊မီးခိုးတွေလုံးတက်လာတယ်၊မီးလောင်နေပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ရွှေဘိုမြို့နယ်၊လက်ကောက်ကျရွာကနေ စစ်ဘေးလာရှောင်တဲ့ အသက် ၃၀ အရွယ် ကိုစောထွန်းနဲ့ အသက် ၅၀ ဒေါ်နီတို့ ထိခိုက်ဒဏ်ရာရခဲ့သလို ထုံးဘိုရွာခံ (၃၄ အရွယ်ကို မျိုးအောင်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေဟာ စဉ့်ကူးမြို့နယ်ရဲ့အနောက်ဖက် မြစ်ကမ်း‌‌အနီးမှာရှိပြီး စဉ့်ကူးမြို့နယ်က ပြည်သူ တွေ စစ်ရှောင်တဲ့နေရာကို ကြဲတာဖြစ်နိုင်တယ်လို့လည်း ဒေသခံ တွေက ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ကျွန်းလှနဲ့ ကောလင်းမြို့နယ်တို့ကိုပါ ဆက်တိုက် လေကြောင်းတိုက်ခိုက် နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း ခင်ဦးလမ်းဆုံလို့ လူသိများတဲ့ ခင်ဦး၊ရွှေဘိုမြို့နယ်အစပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။