Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်တွေ့

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့၌ အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

မန္တလေးမြို့၊ ၈၄ လမ်း၊ (၂၇×၂၈)လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုတွင် ထပ်မံတွေ့ရှိသော ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - MFSD

ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့၌ အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၆ ရက်)က မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေသူများအား ထုတ်ယူနိုင်ရေး ရှင်းလင်းရာ နေ့လည် ၂ နာရီခွဲခန့်တွင် အမျိုးသမီးရုပ်အလောင်း နှစ်လောင်း ထပ်မံတွေ့ရှိကြောင်း အသိပေးသည်။

ထို့အပြင် မန္တလေးမြို့၊ ၈၄ လမ်း၊ (၂၇×၂၈)လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိကျန်ရှိနေသူများအနက် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကိုလည်း နံနက် ၁၀နာရီနှင့် ၁၀နာရီ မိနစ် ၄၀ခန့်တွင် တွေ့ရှိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အစပိုင်းတုန်းက ကျွန်တော်တို့ကို ဘာမှမတားဘူး။အခုက ပြန်လည်ထူထောင်ရေးအပိုင်း သွားကြပါဆိုလို့ မလုပ်ရတော့တာ။နောက်မှ သိရတာတော့ တန်ဖိုးကြီးပစ္စည်းတွေ ရှိလို့ ပြဿနာဖြစ်မှာဆိုးလို့ ပြင်ပ ပရဟိတတွေ မထားတော့တာတဲ့။ဒါကတော့ လက်ခံစရာမရှိဘူး”ဟု မန္တလေးမြို့၌ ငလျင်ဘေးကယ်ဆယ်ကူညီခဲ့သူတစ်ဦးက လက်ရှိ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအခြေအနေအပေါ် ပြောသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဒေသများအနက် နေပြည်တော်၊ စစ်ကိုင်းနှင့် ရှမ်းပြည်တောင်ပိုင်း အင်းလေးတို့တွင်လည်း ရှင်းလင်းခဲ့မှုရှိကြောင်း မီးသတ်ဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါဖြစ်စဥ်များတွင် သေဆုံးသူ ရှိ၊မရှိကိုမူ မဖော်ပြထားပေ။

စစ်ကိုင်းငလျင်ကြီးနှင့်ဆက်စပ်၍ စစ်ကောင်စီ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဧပြီ ၁၄ ရက်အစီရင်ခံစာအရ သေဆုံး ၃,၆၅၅ ဦး၊ပျောက်ဆုံး ၁၂၉ ဦး နှင့် ဒဏ်ရာရသူ ၄,၈၂၄ ဦးရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်ဟာ ငလျင်ကြောင့် အထပ်မြင့်တိုက် ပြိုကျမှုနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ သွားရောက် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုပြီး ၇.၇ ပြင်းအားရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ အခုဆိုရင် ရက် (၅၀) ပြည့်ခဲ့ပါပြီ။

သတင်း

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။