Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်တွေ့

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့၌ အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

မန္တလေးမြို့၊ ၈၄ လမ်း၊ (၂၇×၂၈)လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုတွင် ထပ်မံတွေ့ရှိသော ရုပ်အလောင်းအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - MFSD

ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့၌ အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၆ ရက်)က မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုအဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေသူများအား ထုတ်ယူနိုင်ရေး ရှင်းလင်းရာ နေ့လည် ၂ နာရီခွဲခန့်တွင် အမျိုးသမီးရုပ်အလောင်း နှစ်လောင်း ထပ်မံတွေ့ရှိကြောင်း အသိပေးသည်။

ထို့အပြင် မန္တလေးမြို့၊ ၈၄ လမ်း၊ (၂၇×၂၈)လမ်းကြားရှိ သမဝါယမဦးစီးဌာန အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိကျန်ရှိနေသူများအနက် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကိုလည်း နံနက် ၁၀နာရီနှင့် ၁၀နာရီ မိနစ် ၄၀ခန့်တွင် တွေ့ရှိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အစပိုင်းတုန်းက ကျွန်တော်တို့ကို ဘာမှမတားဘူး။အခုက ပြန်လည်ထူထောင်ရေးအပိုင်း သွားကြပါဆိုလို့ မလုပ်ရတော့တာ။နောက်မှ သိရတာတော့ တန်ဖိုးကြီးပစ္စည်းတွေ ရှိလို့ ပြဿနာဖြစ်မှာဆိုးလို့ ပြင်ပ ပရဟိတတွေ မထားတော့တာတဲ့။ဒါကတော့ လက်ခံစရာမရှိဘူး”ဟု မန္တလေးမြို့၌ ငလျင်ဘေးကယ်ဆယ်ကူညီခဲ့သူတစ်ဦးက လက်ရှိ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအခြေအနေအပေါ် ပြောသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဒေသများအနက် နေပြည်တော်၊ စစ်ကိုင်းနှင့် ရှမ်းပြည်တောင်ပိုင်း အင်းလေးတို့တွင်လည်း ရှင်းလင်းခဲ့မှုရှိကြောင်း မီးသတ်ဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါဖြစ်စဥ်များတွင် သေဆုံးသူ ရှိ၊မရှိကိုမူ မဖော်ပြထားပေ။

စစ်ကိုင်းငလျင်ကြီးနှင့်ဆက်စပ်၍ စစ်ကောင်စီ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဧပြီ ၁၄ ရက်အစီရင်ခံစာအရ သေဆုံး ၃,၆၅၅ ဦး၊ပျောက်ဆုံး ၁၂၉ ဦး နှင့် ဒဏ်ရာရသူ ၄,၈၂၄ ဦးရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook