Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဟု PPNMပြော

စစ်ကောင်စီက ယနေ့ အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးပြီး အချို့အကျဉ်းထောင်များ၌ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လုံးဝမပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

အင်းစိန်ထောင်က လွတ်မြောက်လာမယ့်သူတွေကို သက်ဆိုင်ရာမိသားစုဝင်တွေက ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပုံ ( ပုံဟောင်း)

ဧပြီ ၁၇၊၂၀၂၅။ဒီဒီး/People’s Spring

စစ်ကောင်စီက ယနေ့ အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးပြီး အချို့အကျဉ်းထောင်များ၌ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လုံးဝမပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၇ရက်)ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့အဖြစ် စစ်ကောင်စီက အကျဉ်းသား၊အကျဉ်းသူ ၄၈၉၃ ဦးအား လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာထားသည်။ သို့သော် လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက သက်သာခွင့်ပေးထားသည့် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဆိုသော မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခြင်းဟုလည်း ဖော်ပြထားသည်။

“၂၀၂၅ခုနှစ် နှစ်ဆန်း(၁)ရက်နေ့ စစ်ကောင်စီမှပေးသည့် လွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု လွန်စွာနည်းပြီး အချို့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝမပါဝင်သည်ကို ကနဦးတွေ့ရှိရပါသည်”ဟု PPNMက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ကနဦးသိထားတာတော့ တချို့ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားမပါဘူး။တချို့ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်ပါတယ်လို့ သိထားရတယ်။ ခုတော့ စပြီး စာရင်းကောက်နေပါပြီ။ အတိအကျထုတ်ပြန်ပေးပါမယ်ဗျ”ဟု PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

နိုင်ငံရေးအမြတ်ထုတ်လျက်ရှိနေသည့် စစ်ကောင်စီအား အာဆီယံနိုင်ငံများအနေဖြင့် ဧပြီ ၁၈ရက်တွင် ဖိတ်ကြားထားသည့် အာဆီယံအစည်းဝေးပွဲများအပါအဝင် ကျန်ရှိသည့် တွေ့ဆုံပွဲများတွင်လည်း အကြမ်းဖက်စစ်တပ်အား မဖိတ်ကြားရန် တိုက်တွန်းတောင်းဆိုကြောင်း PPNMက ထပ်မံထုတ်ပြန်ထားသည်။

ထို့အပြင် အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် သမ္မတကြီး ဦးဝင်းမြင့်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် လေးလေးနက်နက် တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။