Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်က အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့တွေ့ဆုံအပြီးမှာ သပိတ်ကျင်းနဲ့ စဉ့်ကူးကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံး

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ တွေ့ဆုံအပြီးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၁၈၊၂၀၂၅။မေ/People’s Spring

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ တွေ့ဆုံအပြီးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၂‌‌ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက် ဒီနေ့ မနက် ၁၀နာရီကျော်မှာ လိပ်ကျကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရွာလည်ကို ကြဲသွားတာ။ပြီးတော့ မိုးကုတ် − မန္တလေးလမ်း လူတွေစည်တဲ့ နေရာ။သေတာတုံးလုံးပက်လက်ပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

နေ့ခင်းပိုင်းမှာလည်း လေယာဉ်တွေ ဆက်တိုက်ဝဲနေတာလို့ဆိုပါတယ်။

‌ဧပြီ ၁၆ရက်ကလည်း အဲဒီရွာကိုပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည်ပိုင်းမှာဘဲ စဉ့်ကူးမြို့နယ်၊ ကျည်ထောက်ပေါက်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

“စာသင်ကျောင်း ဘေးမှာ ဈေးရှိတာလေ။အထိခိုက်ကများမှာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မနေ့က ဧပြီ ၁၇ရက်ညပိုင်းကလည်း စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ တွေ့ဆုံအပြီးမှာ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အင်အားပြင်း ငလျင်ဘေးကြောင့် ပြည်သူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရလို့ ရက်၂၀ကြာ ယာယီအပစ်ရပ်မယ်လို့ ကြောညာခဲ့ပေမယ့် အဲဒီနေ့မှာဘဲ နိုင်ငံနေရာအများအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သင်္ကြန်ကာလမှာလည်း စစ်ကောင်စီက နေရာအများအပြားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။