Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်မှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ရေတွင်းကုန်းရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − စစ်ဒေသခွဲ ၂

ဧပြီ ၁၈ ရက်၊ ၂၀၂၅။ ကျော်ဇော/People’ Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်မှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ယနေ့(ဧပြီ ၁၈ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီး ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၅)လုံးဖြင့် ရေတွင်းကုန်းကျေးရွာသို့ ပစ်ခတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ဗုံးကတော့ လေယာဥ်နဲ့ တစ်လုံးကြဲသွားတယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ၅ ကြိမ်တိတိပစ်ခတ်တယ်။ ရွာရဲ့နေရာအတိအကျတော့ လုံခြုံရေးအရ မပြောလိုတော့ပါဘူး။ အဲဒီဖြစ်စဥ်မှာ ပြည်သူတစ်ဦးတော့ အသက်ဆုံးရှုံးသွားပါတယ်”ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရေတွင်းကုန်းကျေးရွာ နေအိမ်အချို့ပျက်စီးသွားပြီး အသက်(၄၂)နှစ်အရွယ် ဦးမျိုးသန့်ဆိုသူ လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော ရေတွင်းကုန်းကျေးရွာအနီးဝန်းကျင်၌ ယခုရက်ပိုင်းမည်သည့်တိုက်ပွဲမှမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

“မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ပြည်သူများ သေဆုံး၊ ပျောက်ဆုံးမှုများရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူကို ကူညီ၊ ကယ်ဆယ်ရမည့်အစား နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ် သည်”ဟု အမှတ်(၂)စစ်ဒေသခွဲက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်း၊ပင်ပွံ၊လဲင်းဗွာလနှင့် ကောင်ဗာကျေးရွာများမှ ပြည်သူ ၃,၀၀၀ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံလူမှုအသင်းအဖွဲ့ဝင်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

Facebook