Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်မှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ရေတွင်းကုန်းရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − စစ်ဒေသခွဲ ၂

ဧပြီ ၁၈ ရက်၊ ၂၀၂၅။ ကျော်ဇော/People’ Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်မှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ယနေ့(ဧပြီ ၁၈ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီး ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၅)လုံးဖြင့် ရေတွင်းကုန်းကျေးရွာသို့ ပစ်ခတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ဗုံးကတော့ လေယာဥ်နဲ့ တစ်လုံးကြဲသွားတယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ၅ ကြိမ်တိတိပစ်ခတ်တယ်။ ရွာရဲ့နေရာအတိအကျတော့ လုံခြုံရေးအရ မပြောလိုတော့ပါဘူး။ အဲဒီဖြစ်စဥ်မှာ ပြည်သူတစ်ဦးတော့ အသက်ဆုံးရှုံးသွားပါတယ်”ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရေတွင်းကုန်းကျေးရွာ နေအိမ်အချို့ပျက်စီးသွားပြီး အသက်(၄၂)နှစ်အရွယ် ဦးမျိုးသန့်ဆိုသူ လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော ရေတွင်းကုန်းကျေးရွာအနီးဝန်းကျင်၌ ယခုရက်ပိုင်းမည်သည့်တိုက်ပွဲမှမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

“မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ပြည်သူများ သေဆုံး၊ ပျောက်ဆုံးမှုများရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူကို ကူညီ၊ ကယ်ဆယ်ရမည့်အစား နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ် သည်”ဟု အမှတ်(၂)စစ်ဒေသခွဲက ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာမှာ ကလေးငယ် အပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၅ဦးဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအပါအဝင် တာဝန်ရှိသူတွေက ဒီကနေ့ ပြုလုပ်တဲ့...

သတင်း

စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်​နေတာကြောင့် ထွက်​ပြေးတိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ကူညီသူတွေက​ပြောပါတယ်။