Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်အပြီး စစ်ကိုင်း ခိုတောင်ရွာမှာ ရေမထွက်တော့လို့ သောက်ရေအခက်အခဲရှိနေ

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာမှာ ရေတွင်းရေတိုင်တွေ ရေမထွက်တော့လို့ သောက်ရေ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခိုတောင်ရွာကို လာလှူသည့် ရေကားတစီးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဧပြီ ၁၉၊၂၀၂၅။Scorpio/People’s Spring

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာမှာ ရေတွင်းရေတိုင်တွေ ရေမထွက်တော့လို့ သောက်ရေ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်း-မင်းကွန်း ကားလမ်းဘေးက ခိုတောင်ရွာမှာ ရေတွင်းတွေခမ်းခြောက်သွားပြီး ရေတိုင်တွေကပါ ရေမထွက် တော့လို့ သောက်ရေအခက်အခဲ တွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ရေတွင်းတွေဆို ခမ်းသွားတာ။ ရေတိုင်တွေကလည်း အတော်များများမထွက်တော့ဘူး။ ရတဲ့တိုင်ကျတော့လည်း မီးစက်နဲ့တင်မှရတော့ မီးလည်းမရတော့အဆင်မပြေဘူး။”လို့ ခိုတောင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းဘက်ကနေ ရေကားတချို့ လာလှူကြတာတွေရှိပေမဲ့ လုံခြုံရေးအခြေအနေကြောင့် အရောက်အပေါက်နည်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီဘက်က တိုက်ပွဲလည်း မကြာမကြာဖြစ်တော့ အလှူကားတွေမလာရဲကြဘူး။ ရေကိုသောက်စရာမရှိတာ။”လို့ အခြားဒေသခံတစ်ဦးက ဆိုပါတယ်။

မြစ်ရေကို သောက်သုံးတဲ့အခါမှာလည်း ငလျင်လှုပ်ခတ်ပြီးနောက် လူသေကောင်နဲ့ အခြားမသန့်ရှင်းတာတွေပါ မျောပါလာလို့ သောက်သုံးမိသူတချို့ ဝမ်းပျက်ဝမ်းလျှောတွေပါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းငလျင်ကြီးမှာ စစ်ကိုင်း-မင်းကွန်းလမ်းဘေးတလျှောက် ရွာတွေလည်း ပျက်စီးမှုတချို့ရှိပြီး သောက်ရေအပါအဝင် အခြား စားဝတ်နေရေး လိုအပ်ချက်များ ရှိနေပါတယ်။ သွားရောက်လှူဒါန်းသူတွေကိုလည်း စစ်ကောင်စီတပ်က စစ်ဆေးတင်းကြပ်လေ့ရှိတာကြောင့် အလှူကားတွေ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။