Connect with us

Hi, what are you looking for?

သတင်း

ထိုင်း − မြန်မာနယ်စပ်ရှိ ထီးထာဗျူဟာစခန်းကို KNLA တပ်မဟာ(၄) သိမ်းပိုက်

တပ်မဟာ(၄)နယ်မြေ၌ ဗျူဟာစခန်းကို ပထမဆုံးသိမ်းပိုက်ခြင်းဖြစ်

တိုက်ပွဲကြောင့် ဒေသခံများ ထိုင်းနိုင်ငံ ထွက်ပြေးတိမ်းရှောင်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Kawao Newsgroup

ဧပြီ ၁၉၊၂၀၂၅။ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် ထိုင်း − မြန်မာနယ်စပ်၌ စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ထီးထာဗျူဟာ တပ်စခန်းကို ယနေ့ (ဧပြီ ၁၉ရက်) ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဧပြီ ၁၁ရက် ညနေပိုင်းက စတင်ထိုးစစ်ဆင်ခဲ့သည့် ထီးထာဗျူဟာစခန်းကို ယနေ့ (ဧပြီ ၁၉ရက်) ညနေပိုင်း၌ အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

” ကျနော်တို့ သိမ်းပြီး တော့ လောလောဆယ် ဘာမှ အတည်ပြုမရသေးဘူး ပစ္စည်းလက်နက်ခဲယမ်းတွေနော်”ဟု ပဒိုစောအယ်နားက လက်နက်ခဲယမ်း၊ စစ်သုံ့ပန်း ရရှိမှုနှင့် ထိခိုက်ကျဆုံး အခြေအနေများ မေးမြန်းမှုအပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

ထီးထာဗျူဟာသည် ထိုင်း − မြန်မားနယ်စပ်တလျှောက် ထီးခီး-မေတ္တာနယ်၌ အချက်အခြာကျ အရေးပါသည့် တပ်စခန်းတခုဖြစ်သလို KNU ထားဝယ်ခရိုင် အုပ်ချုပ်ရေး၏ဌာနချုပ်နယ်မြေဖြစ်သည်ဟု ဆိုသည်။အဆိုပါနေရာကို စစ်တပ်က လွန်ခဲ့သည့် ၂၈နှစ်ခန့်က ထိုးစစ်ဆင် သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ထီးထာဗျူဟာက အရင်က KNU ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး အဲဒီ ခရိုင်ဌာနချုပ်ဖြစ်တယ်။ ဒီစကစက ၁၉၉၇ ခုနှစ်က ထိုးစစ်ဆင်ပြီးတော့ ကျနော်တို့က လက်လွှတ်ရတာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄)နယ်မြေတွင် ၂၀၂၄ နှင့် ၂၀၂၅အတွင်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီ စစ်ကြောင်းများကို တပ်မဟာ(၄)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ပြီး စခန်းအချို့လည်း သိမ်းပိုက်ရရှိထားသည်။

တပ်စခန်းအချို့ သိမ်းပိုက်နိုင်မှု၊ စစ်ကောင်စီက တပ်စခန်းစွန့်ခွာမှု နှင့် လွန်ခဲ့သည့် တစ်နှစ် ၂၀၂၄ ဧပြီကလည်း စစ်ကောင်စီ၏ ခလရ(၁၀၃)တပ်ရင်းက တပ်ရင်းအလိုက်လက်နက်ချ အညံ့ခံမှု ရှိခဲ့သော်လည်း ဗျူဟာအဆင့် စခန်းကို ယခု ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်ကဆောမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်း(ဘုတ်ပြင်းမြို့နယ်အတွင်း)မှာ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်အချို့ သိမ်းရခဲ့ကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့အတူ စစ်ရေးဖော်ဆောင်နေတဲ့ ထီးဆဲ့မယ့်ယွား စစ်ကြောင်းဟာ KNLA လက် အောက်ခံတပ်အဖြစ် ပူးပေါင်းလာကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။