Connect with us

Hi, what are you looking for?

သတင်း

KNU ကနယ်စပ်က လေး​​ဝေါစခန်းသိမ်းပြီး​နောက် ထိုင်း​ရောက်စစ်​ရှောင်မြန်မာ​တွေ​ နေရပ်စပြန်

ထိုင်းနယ်စပ်က ယာယီစစ်​ရှောင်းစခန်းက​နေ မြန်မာဘက်ကိုပြန်ကြတဲ့စစ်​​ဘေး​ရှောင်​တွေ နဲ့ ​လေး​ဝေါ် ​(​ခေါ်​ ) ​မော်ဖားသူ စခန်းသိမ်းတိုက်ပွဲက KNLA နဲ့ပူး​ပေါင်းတပ်​တွေသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-Khaosod

ဧပြီ – ၂၁ ၊၂၀၂၅။/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်နားကစစ်ကောင်စီတပ်ရဲ့လေးဝေါ် (မော်ဖားသူး) တပ်စခန်းကိုKNUတပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်ကဧပြီလ ၁၉ ရက်​နေ့မှာသိမ်းသိမ်းပိုက်ပြီတဲ့​နောက်နယ်စပ်မှာပြန်လည်ငြိမ်သက်သွားတာမို့ ထိုင်းဘက်​လာ​ရောက်စစ်​ရှောင်တဲ့ ပြည်သူအချို့ ​စတင်နေရပ်ပြန်ကြပြီလို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြထားပါတယ်။

မြဝတီမြို့နယ် မြောက်ပိုင်းမှာ ရှိတဲ့​လေး​ဝေါ် စခန်းကိုဧပြီလ၁၈ရက်ညနေပိုင်းကစတင်တိုက်ခိုက်တာဖြစ်ပြီးတစ်ရက်အကြာမှာပဲစခန်းသိမ်းနိုင်တာပါ။ ​လေး​ဝေါ်​စခန်းဟာထိုင်းရဲတက်ခ်ပြည်နယ်၊မဲရမတ် ခရိုင်ရဲ့ နယ်စပ်နဲ့ တစ်မိုင်ခွဲဝန်းကျင်ပဲကွာ​ဝေးပါတယ်။တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် စစ်တပ်က​လေ​ကြောင်းက​နေ ဗုံးကြဲတာ​ကြောင့်ဧပြီ ၁၉ ရက်မှာ ဒေသခံပြည်သူ ၂၀၀ ဦး​ကျော်ဟာထိုင်းဘက်ကိုထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

အဲဒီ စစ်ရှောင် ပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ရောက်ရှိခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေက သူတို့ကို မဲရမတ် ခရိုင်ထဲက ဟွိုင်ပလာကောင် ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေး စခန်းဆီယာယီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အခြေအနေ ပြန်လည် တည်ငြိမ်လာတဲ့နောက် ဧပြီ ၂၀ ရက်နေ့မှာတော့ စစ်ရှောင် ၁၁၇ ယောက်ကို နေရပ်ကိုစပြန်နိုင်အောင် ထိုင်းအာဏာပိုင်တွေက ကူညီပေးခဲ့တယ်လို့ Khaosod English သတင်းဌာနက ​ဖော်ပြပါတယ်။

ဒါပေမဲ့ဟွိုင်ပလာကောင်ရွာဘုန်းကြီးကျောင်းထဲက ယာယီ ခိုလှုံရေးစခန်းမှာ နောက်ထပ် မြန်မာစစ်ရှောင် ၁၃၀ လောက် ကျန်နေဆဲလို့ သိရပါတယ်။

ထိုင်းနယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဖက်ခြမ်းက ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ KNLAက စစ်ကောင်စီတပ်ရဲ့​လေး​ဝေါ်စခန်းကို သိမ်းယူပြီးတဲ့နောက်မှာအခြေအနေပြန်လည် ငြိမ်သက်သွားတယ်လို့ပြောပါတယ်။

နယ်စပ်တစ်ဘက်ခြမ်းကတိုက်ပွဲတွေကြောင့် ထိုင်းနယ်ခြားစောင့် အရာရှိတွေဟာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဖြန့်ကျက်ထားသလို စစ်ရှောင်တွေအတွက် လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ထားခဲ့တယ်လို့လည်း The Nation သတင်းမှာ ပါရှိပါတယ်။

မြန်မာနယ်စပ်မှာတိုက်ပွဲ​တွေဖြစ်​နေစဥ်ထိုင်းစစ်တပ်ကလည်းပဋိပက္ခတွေထိုင်းပိုင်နက်ထဲကူးစက်မလာဖို့နဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေကို နယ်စပ်မှာ ပိုမိုဖြည့်တင်း ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

​​​လေး​​ဝေါ်စခန်းသိမ်းပြီးတာ​ကြောင့် ဒေါနတောင်အရှေ့ဘက်ခြမ်း ၊မြဝတီမြို့နယ်ထဲမှာမဲလ၊ မော်ဖိုးခီ့(မော်ဖိုးကေ)၊ တာလေဗျူဟာ၊ နော်တရာတောင်ထိပ်စခန်း စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတယ်လို့သိရပါတယ်။

၂၀၂၅မတ်လအတွင်းကလည်းကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ်ထဲကထိုင်းနယ်စပ်အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူစခန်း နဲ့ ခလယ့်ဒေးစခန်း တွေ ကို KNU/KNLA တပ်မဟာ (၇) ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက သိမ်းသိမ်းထားပါတယ်။ဒါ​ကြောင့် KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေဟာ ဒီလပိုင်းအတွင်းမှာ စစ်တပ်စခန်း​တွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ တနင်္သာရီတိုင်းမှာလည်း KNLA တပ်မဟာ ၄ ရဲ့ နယ်မြေထဲမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကိုKNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း KNLAဟာစစ်လက်နက်၊ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်။

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ KNLA မဟာမိတ်တွေက ပြောပါတယ်။ ဒါဟာ KNLAရဲ့ တပ်မဟာ ၄ နယ်မြေထဲမှာ ဗျူဟာအဆင့် စခန်းတစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။

ကိုးကား-Khaosod ၊ The Nation

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။