Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဘိလပ်မြေအပါအဝင်အိမ်ဆောက်ပစ္စည်းတွေ စျေးကြီးနေ

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် အဆိုးရွားဆုံးထိခိုက်ပျက်စီးသွားတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မန္တလေးမှာ အိမ်ဆောက်ပစ္စည်း တွေ ငလျင်အပြီး စျေးကြီးနေတယ်လို့ မြို့ခံတွေနဲ့ ဆောက်လုပ်ရေး လုပ်ကိုင်သူတွေထံကသိရပါတယ်။

ပြည်ပကနေ တင်သွင်းလာတဲ့ဘိလပ်မြေ အိတ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်ဆိိပ်ကမ်းဆီ ရောက်လာပုံ (ဓာတ်ပုံ - စစ်ကောင်စီ)

ဧပြီ – ၂၃ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် အဆိုးရွားဆုံးထိခိုက်ပျက်စီးသွားတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မန္တလေးမှာ အိမ်ဆောက်ပစ္စည်း တွေ ငလျင်အပြီး စျေးကြီးနေတယ်လို့ မြို့ခံတွေနဲ့ ဆောက်လုပ်ရေး လုပ်ကိုင်သူတွေထံကသိရပါတယ်။

ဆောက်လုပ်ရေးမှာ အခြေခံကျတဲ့ ဘိလပ်မြေ ၊ အုတ် ၊ သံ စတဲ့ ပစ္စည်းတွေ စျေးတက်သွားသလို လိုသလောက်ဝယ်မရဖြစ်နေတယ်လို့ဆိုကြပါတယ်။

ငလျင်မတိုင်ခင်က ကျပ် ၁၆, ၀၀၀ ဝန်းကျင်သာရှိ ဘိလပ်မြေစျေး ဟာ လက်ရှိမှာတော့ အပါချီ(apache) တံဆိပ်ဘိလပ်မြေတစ်အိတ်ကို ၂၃, ၀၀၀ကျပ်၊ အယ်လ်ဖာ (alpha) တံဆိပ် ဘိလပ်မြေကို ၂၄,၀၀၀ကျပ်ထိ စျေးမြင့်တက်သွားတယ်လို့ စျေးကွက်အတွင်းကနေ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

Crown ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၇, ၀၀၀ကျပ်ထိ ပေါက်စျေးရှိနေလာတယ်လို့ သိရပါတယ်။

ငလျင်ကြောင့်မန္တလေးနဲ့နေပြည်တော်မှာရှိတဲ့ ဘိလပ်မြေစက်ရုံတွေ ထိခိုက်ခဲ့တာကြောင့် ဘိလပ်မြေစျေးတက်သလို ၊ စျေးကစားကြသူတွေကြောင့်လည်း ဖြစ်တယ်လို့ဆောက်လုပ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်တွင်းမှာ ဘိလပ်မြေစက်ရုံ ၉ ရုံ ရှိပြီး မန္တလေးတိုင်းထဲမှာ ၄ ရုံနဲ့ နေပြည်တော်မှာ ၁ ရုံ ရှိပါတယ်။

ငလျင်ကြောင့် အဲဒီ စက်ရုံ ၅ ရုံ ပျက်စီးသွားတယ်လို့ စစ်ကောင်စီရဲ့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ဧပြီလ ၁၀ ရက် ပြုလုပ်တဲ့ ဘိလပ်မြေထုတ်လုပ်သူများအသင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

” ဘိလပ်မြေကတော့ ခွဲတမ်းနဲ့တော့ ပေးနေတယ်၊ ပမာဏများရင်တော့ စောင့်ပေးရမယ် “လို့ စက်ရုံတိုက်ရိုက်အဆက်အသွယ်ရှိတဲ့ ဘိလပ်မြေကိုယ်စားလှယ် တစ်ဦးကပြောပါတယ်။

စစ်ကောင်စီကတော့ ဘိလပ်မြေကို ပြည်ပကနေလည်းတင်သွင်းနေတယ်လို့ ဆိုထားပါတယ်။

ဒါအပြင် သံစျေးလည်း တစ်တန်ကို ကျပ်ငါးသိန်းဝန်းကျင်ထိ စျေးခုန်တက်သွားတယ်လို့ သိရပါတယ်။

၃မူးလုံးသံပင် တစ်တန်ကို ၂၁သိန်းကျော်၊ ၅မူးလုံးသံပင် တစ်တန်ကို ၂၃သိန်းကျော်၊ ၆မူးလုံး သံပင်တစ်တန်ကို ၂၆သိန်းကျော်ရှိပြီး သံပင်အရည်အသွေးပေါ်မူတည်ပြီး စျေးအပြောင်းအရှိတယ်လို့ စျေးကွက်ကနေ သိရပါတယ်။

ငလျင်ကြောင့် အုတ်လုပ်ငန်းတွေ လည်း ပျက်စီးသွားတဲ့အတွက် သင်္ကြန်မတိုင်ခင်က စျေးကွက်မှာ အုတ်စျေးနှုန်းပင် စျေးမဖွင့်နိုင်တော့ဘဲ ဝယ်မရတဲ့အခြေအနေထိဖြစ်သွားပါတယ်။

ဧပြီ ၂၂ရက်မှာတော့ မြေအုတ်တစ်လုံးကို ကျပ်၃၆၀ထိပေါက်စျေးရှိပြီး လိုအပ်သလောက်ဝယ်ယူလို့မရသေးဘူးလို့ အုတ်ကားမောင်းသူတွေထံကနေသိရပါတယ်။

စက်ရိုက်အုတ် (ကျောက်အုတ်)လည်း အုတ်တစ်လုံး ကျပ်၃၆၀ထိ ပေါက်စျေးရှိလာပါတယ်။

” အရင်လိုမျိုး လိုအပ်သလောက် နေ့ချင်းတော့မပို့နိုင်တော့ဘူး ၊ ရက်စောင့်ပေးရတယ်၊ သွားလာရေးကော ၊ အလုပ်သမားက အစ ပြန် မလည်ပတ်နိုင်ကြသေးဘူး”လို့ ပုသိမ်ကြီးမြို့နယ်အတွင်းက အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ငလျင်ကြောင့် နေအိမ်အဆောက်အဦး အနည်းငယ်ပျက်စီးသွားသူတွေသာ ပြန်လည်ပြုပြင်နိုင်ကြပြီး တစ်အိမ်လုံးနီးပါး ပြိုကျ ပျက်စီးသွားသူတွေကတော့ အဆောက်အဦးဖြိုချဖို့ ပင် စရိတ်အခက်အခဲရှိနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။