Connect with us

Hi, what are you looking for?

သတင်း

ဂရိတ်ဝေါလ် ဟိုတယ် ရှင်းလင်းရေးဧရိယာကို ကန့်သတ်ဧရိယာသတ်မှတ်

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးက ဂရိတ်ဝေါလ်ဟိုတယ် ဖြိုချရှင်းလင်းနေတဲ့ဧရိယာကို ပုဒ်မ ၁၄၄ ထုတ်ပြီး ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

Reuters

ဧပြီ – ၂၄ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးက ဂရိတ်ဝေါလ်ဟိုတယ် ဖြိုချရှင်းလင်းနေတဲ့ဧရိယာကို ပုဒ်မ ၁၄၄ ထုတ်ပြီး ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“ကန့်သတ်နယ်မြေ တာဝန်မှအပ မဝင်ရ ပုဒ်မ ၁၄၄” ရေးသားသတိပေးထားတဲ့ အနီရောင် ဗီနိုင်း တွေ ချိတ်ထားတာလို့ မြို့ခံတွေကဆိုပါတယ်။

ငလျင်ဘေးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တဲ့ မန္တလေးမြို့ခံ ကူညီရေးအဖွဲ့ဝင်တစ်ဦး ကတော့ အခုလိုပုဒ် ၁၄၄ ထုတ်ပြီး ကန့်သတ်နယ်မြေသတ်မှတ်တဲ့ ငလျင့်ဒဏ်သင့်အဆောက်အဦး ရှင်းလင်းရေး ဧရိယာ မျိုးမတွေ့ကြုံဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အဲလို ပုဒ်မ ၁၄၄ဆိုတာမျိုးတော့ ကျွန်တော်သွားခဲ့တဲ့သမျှအဆောက် အအုံတွေမှာ မတွေ့မိဘူး၊ ဝါးလုံးတားထားတာမျိုး ၊ ဝင်ခွင့်ကဒ်နဲ့ ဝင်ထွက်ရတာမျိုးလောက်ပဲတွေ့မိတယ်”လို့ အဲဒီ မန္တလေးမြို့ခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် က ဆိုပါတယ်။

ပုဒ်မ ၁၄၄ ဟာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ဖြစ်ပြီး အုပ်ချုပ်ရေးပျက်ပြားနိုင်တဲ့ သဘာဝဘေးအန္တ ရာယ်ကြုံရချိန် ၊ အများပြည်သူ အသက်အိုးအိမ်လုံခြုံမှုနဲ့ လုံခြုံမှု ကြုံတွေ့ရချိန်မှာ ထုတ်ပြန်လေ့ရှိတာပါ။

ပုဒ် ၁၄၄ ထုတ်ပြန်မှုကိုမလိုက်နာရင် ထောင်ဒဏ် ၆ လအထိ ချနိုင်တာလည်းဖြစ်ပါတယ်။

အဲဒီပုဒ်မကို မန္တလေးက ငလျင်ဒဏ်သင့် ဂရိတ်ဝေါလ်ဟိုတယ် ပြိုကျမှုကို ရှင်းလင်းမယ့် ဧရိယာ တဝိုက်ကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်မှာ ငလျင်အပြီး ထိရောက်တဲ့ကူညီကယ်ဆယ်ရေးကိုအချိန်မီ မလုပ်နိုင်တဲ့အတွက် သက်ဆိုင်ရာ မိသားစုဝင်တွေ ၊ ဒေသခံတွေ ရဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်မှာ အထပ် ၈ ထပ်ပါတဲ့ အဆောက်အဦး ၂ ခု ပါပါတယ်။ငလျင်ကြောင့်အဆောက်အဦးတစ်ခုက အောက်ဆုံး ၃ ထပ် မြေကြီးထဲ ကျွံဝင်သွားပြီး အလုံးလိုက်လည်း တိမ်းစောင်းသွားတာပါ။

ကျန်တဲ့အဆောက်အဦးကလည်း အောက်ဆုံး ၃ ထပ် မြေထဲကျွံဝင်သွားတာကိုတွေ့ရမြင်ရပါတယ်။

ဂရိတ်ဝေါလ်ဟိုတယ်မှာ ပြည်တွင်းက မီးသတ်တပ်ဖွဲ့အပြင် အိန္ဒိယ ၊ ရုရှားက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေး လုပ်ခဲ့ပါသေးတယ်။

ဟိုတယ်ဘက်ကတော့ ငလျင်ကြီးစလှုပ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၂ ရက်အထိနှစ်ပတ်တာအတွင်း အသက်ရှင်လျက် ၉ ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၁၆ လောင်းကို ရှာတွေခဲ့တယ်လို့ ဧပြီလ ၁၃ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦးတွေထဲမှာ ပိတ်မိနိုင်ခြေရှိတဲ့ ဦးရေကိုတော့ ဟိုတယ်ဘက်ကထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook