Connect with us

Hi, what are you looking for?

သတင်း

နေအိမ်ပေါ်တက် ပေါ်တာဆွဲခံရပြီး ရှေ့တန်းမှ ထွက်ပြေးလွတ်မြောက်လာသူ SAF ထံ အလင်းဝင်

နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံလိုက်ရသော လူငယ်တစ်ဦးသည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)ထံ အလင်းဝင်လာခဲ့သည်။

အဓမ္မစစ်သားစုဆောင်းခံရသူ ကိုမင်းခန့် ကျောင်းသားလက်ရုံးတပ်တော် SF/SAF ကို ဖြေကြားနေစဉ်။

ဧပြီ ၂၅၊ ၂၀၂၅။ ခွာညို/People’s Spring

နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံလိုက်ရသော လူငယ်တစ်ဦးသည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)ထံ အလင်းဝင်လာခဲ့သည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း နေထိုင်သူ ကိုမင်းခန့်သည် ၂၀၂၄ ခုနှစ်၊ မေလတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အိမ်ပေါ်တက်ပြီးဖမ်းဆီးခံရခြင်းဖြစ်ပြီး ဘုရင့်နောင်စစ်ကြောရေး တစ်လနေခဲ့ရကာ ဖောင်ကြီး၌ စစ်သင်တန်းသုံးလတက်ပြီးနောက် စစ်ကိုင်းတိုင်း မော်လိုက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၃၆၅)သို့ ပို့ဆောင်ခံလိုက်ရသူဖြစ်သည်။

“အိမ်ပေါ်ထိကို တက်ပြီးဆွဲမယ်လို့ ဘယ်လိုမှကိုမထင်ထားခဲ့ဘူး” ဟု ကိုမင်းခန့်က ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1331521421252166

၎င်းသည် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၄) စစ်သင်တန်းဆင်းခဲ့ပြီး ခမရ(၃၆၅)၌ တာဝန်ထမ်းဆောင်နေစဉ် တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့မှ စစ်ကောင်စီ၏ ပုဂံကွဲစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

ထိုစခန်းမှတဆင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထွက်ပြေးလာခဲ့ပြီး အလင်းဝင်လာခြင်းဟု ကျောင်းသားလက်ရုံးတပ်တော်က သတင်းထုတ်ပြန်ထားသည်။

စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရပြီး စစ်သင်တန်းဆင်းကာ ရှေ့တန်းသို့ ပို့ဆောင်ခံရသော လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများထံ လက်နက်ချပူးပေါင်းကြရန် အမျိုးသားညီညွတ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။