Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များပူးပေါင်းပါဝင်ရန် CDF ဖိတ်ခေါ်

ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များပူးပေါင်းပါဝင်ကြရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖိတ်ခေါ်ထားသည်။

ဧပြီ ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များပူးပေါင်းပါဝင်ကြရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖိတ်ခေါ်ထားသည်။

CDF ဟားခါးက ချင်းဘာသာဖြင့် ဖော်ပြထားသည့် ကြေညာချက်ကို ဧပြီ ၂၃ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“CDF ဟားခါးမှာ သင်တန်းတက်ဖို့ လူငယ်တွေကို ဖိတ်ခေါ်တာဖြစ်တယ်”ဟု ချင်းသတင်းရင်းမြစ်က ကြေညာချက်နှင့်ပတ်သက်၍ ပြောသည်။

Public Service Announcement

Public Service Announcement

ကြေညာချက်တွင် ဟားခါးမြို့ သိမ်းပိုက်နိုင်ရေး CDF ဟားခါးနှင့် ပူးပေါင်းရန် နည်းလမ်းများကို ဖော်ပြထားသည်ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

လူငယ်များ နှင့် မိဘများအနေဖြင့် ဟားခါးမြို့တော်သိမ်းပွဲတော်တွင် ပူးပေါင်းပါဝင်ရန် CDF ဟားခါးက တောင်းဆိုထားပြီး CDFတွင် အချိန်ဖြည့် တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ရန်၊ အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက အရန်သင်တန်းတက်ပြီး အရန်တပ်၌ ပါဝင်ရန်၊ CDF တပ်မှ အငြိမ်းစား များအနေဖြင့် သင်တန်းမတက်ဘဲ အရန်တပ်တွှု် စာရင်းသွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

လူငယ်များအား ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ CDF ဟားခါးထံ ဆက်သွယ်နေပြီး CDF ဟားခါးတပ်နှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရအဖွဲ့တွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားသည်။

CDF ဟားခါး၏ လူငယ်များအား ဖိတ်ခေါ်ချက်အပေါ် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက CDF ဟားခါးနှင့်အတူ ရပ်တည်ကြောင်း လူမှုကွန်ရက်၌ ရေးသားဖော်ပြသည်။

“ချင်းပြည်လွတ်မြောက်ဖို့ ဟားခါးဟာ အဓိက ကျတယ်။ CDF – Hakha မှာ ပူးပေါင်းကြပါ။ ကိုယ့်မြေ ကိုယ့်တိုင်းပြည် လွတ်မြောက်ဖို့အတွက် အားလုံးပါဝင်ဖို့ လိုပါတယ်”ဟု ဆလိုင်းတင်မီက ရေးသားထားသည်။

CNDF ဟာပါဝင်သည့် ချင်းညီနောင်သည် ယခု ဧပြီ ၇ရက်တွင် ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိထားပြီး မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့များကိုလည်း ချင်းညီနောင်နှင့်မဟာမိတ်များက သိမ်းပိုက်ထားသည်။ တီးတိန်အပါအဝင် ချင်းပြည်နယ် တခုလုံး စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်သွားမည်ဟု ချင်းညီနောင်နှင့် ချင်းညီနောင်တာဝန်ရှိသူများက အသိပေးထားသည်။

CDF ဟားခါးသည် တပ်ဖွဲ့စည်းမှု ၄နှစ်တာအတွင်း ဟားခါးမြို့တွင်း စစ်ဆင်ရေး ၊ စခန်းသိမ်းနှင့် မြို့သိမ်း စစ်ဆင်ရေးများတွင် အခြား တော်လှန်ရေးတပ်များနှင့် ပူးပေါင်းပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲပေါင်း ၃၀၀ကျော် ဆင်နွဲခဲ့ပြီး တော်လှန်ရေး ပြီးဆုံးအောင် ပြည်သူများ၊ အခြားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း CDF ဟားခါးက အသိပေးထားသည်။

(CDF ဟားခါး၏ စစ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ – CDF-Hakha)

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။