Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့အဝင်ဂိတ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

စစ်ကောင်စီတပ်စွဲထားသည့် မကွေးတိုင်း၊စလင်းမြို့အဝင်ဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ရဲဘော်တစ်ဦးက စလင်းမြို့အဝင်ဂိတ်အား အာပီဂျီဖြင့် ပစ်ခတ်ရန် ချိန်ရွယ်နေစဉ်

ဧပြီ၂၆၊၂၀၂၅။ရဲခေါင်၊​မေ/People’s Spring

စစ်ကောင်စီတပ်စွဲထားသည့် မကွေးတိုင်း၊စလင်းမြို့အဝင်ဂိတ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ယနေ့(ဧပြီ ၂၆ရက် ) နံနက် ၅နာရီခွဲခန့်တွင် အနီးကပ်ပစ်ခတ်ခဲ့သည့် မြို့အဝင်ဂိတ်သည် စလင်းမြို့အနောက်ဘက်အထွက် ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနှင့် ဆင်ကျူံးကျေးရွာကြားတွင် ရှိသည်ဟု ဆိုသည်။

” စစ်ကောင်စီတပ်သား၁၅ ယောက်လောက်တော့ရှိလိမ့်မယ်။စလင်းမြို့ရဲ့ အဝင်ဂိတ်တစ်ခုပဲ”ဟု Yenanthar Column တာဝန်ရှိသူက စစ်ကောင်စီဂိတ်တိုက်ခိုက်ခဲ့မှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မိနစ် ၂၀ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ ထိခိုက်မှုများကြောင်း အသိပေးသည်။စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုကို လူထုနွေဦးက သီးခြားအတည်ပြုရန် ဒေသခံများနှင့်ဆက်သွယ်နေဆဲ ဖြစ်သည်။

“မနက်က တိုက်ပွဲ ဖြစ်တဲ့နေရာက မြို့နဲ့ နှစ်မိုင်သုံးကျော်လောက်ပဲဝေးတယ်။ပြီးခဲ့တဲ့ရက်ကတည်းကတော့ စခ တွေဘက်က ကားတန်းတွေနဲ့ မြို့အနောက်ဘက်ကို သွားခဲ့တာရှိတယ်။ဒီမနက်က ဖြစ်စဥ်မှာ သေတာတော့ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ”ဟု စလင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကံပြားရဲစခန်းမှ စစ်ကူလာသောကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့​ကြောင်းသိရသည်။

စလင်းမြို့အနောက်ဘက်ရှိမြို့အဝင်ဂိတ်ကို မင်းဘူးခရိုင်အမှတ်-၅ တပ်ရင်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားသည်။

(ရဲဘော်တစ်ဦးက စလင်းမြို့အဝင်ဂိတ်အား အာပီဂျီဖြင့် ပစ်ခတ်ရန် ချိန်ရွယ်နေစဉ်)

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးရဲဘော်သုံးဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း စလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။