Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်စစ်​တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်​နေ

ဖားကန့်​ဒေသသို့အင်အားဖြည့်ရန်စစ်ကောင်စီတပ်က ကြိုးစားလာ၍ KIA က ဖြတ်တောက်တိုက်ခိုက်​နေစဥ် ဖားကန့်ရှိ စစ်တပ်က ဧပြီလ ၂၆ရက်ည၌လက်နက်ကြီးပစ်ခတ်နေပြီး လေကြောင်းမှလည်း ကင်းထောက်နေသည်။

ဖားကန့်ရှိ စစ်တပ်ဗျူဟာစခန်းကို​ Google Earth မှတွေ့ရစဥ်

ဧပြီ-၂၆၊၂၀၂၅။မိထက်/People’s Spring

ဖားကန့်​ဒေသသို့အင်အားဖြည့်ရန်စစ်ကောင်စီတပ်က ကြိုးစားလာ၍ KIA က ဖြတ်တောက်တိုက်ခိုက်​နေစဥ် ဖားကန့်ရှိ စစ်တပ်က ဧပြီလ ၂၆ရက်ည၌လက်နက်ကြီးပစ်ခတ်နေပြီး လေကြောင်းမှလည်း ကင်းထောက်နေသည်။

ဖားကန့်စစ်တပ်ကုန်းမှနေ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းသံများလည်း ထွက်ပေါ်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး -ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့်အင်အား ၇၀၀ နီးပါးဖြင့် ဖားကန့်ကို ဝင်ရောက်ရန် ကြိုးစား‌နေသည်။ထို့​ကြောင့် KIA ၊ KPDF နှင့် ပူး​ပေါင်းတပ်များက ဖြတ်​တောက်ပိတ်ဆို့ တိုက်ခိုက်သဖြင့် စစ်တပ်​ရှေ့မတိုးနိုင်ဘဲ​ဖြစ်​နေသည်။

Public Service Announcement

Public Service Announcement

​ဧပြီ ၂၆ ရက်တွင်လည်းဖားကန့်အဝင်မအူပင်ရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများပြားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ပြီး ဖားကန့်ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် ‌ဖားကန့်PDF ထောက်ပို့ရဲဘော်တဦးက ပြောသည်။

KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက ဧပြီ ၂၅ ရက်​နေ့တွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကိုလက်ကျန်တပ်ရင်းနှင့် စခန်းများ သိမ်းပိုက်၍ အပြီးသတ်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဗန်း​မော်ရှိ လက်ကျန်စစ်တပ်စခန်းများတိုက်ခိုက်ခံ​နေရစဥ် စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ ဝိုင်းမော်မြို့ဘက်သို့လည်း ဧပြီ ၂၅ ရက်ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ဧပြီ ၂၅ ရက်ညက ပစ်ခတ်မှုတွင်မြစ်ကြီးနားမြို့၊ မလိခဝန်ထမ်းအိမ်ရာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ယနေ့(ဧပြီ ၂၆) ညလည်း မပခ ကလက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။