Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီး တစ်လပြည့်ရန် နာရီပိုင်းအလိုတွင် မန္တ​​လေးတွင်​နောက်ဆက်တွဲငလျင်လှုပ်

စစ်ကိုင်းငလျင်ကြီးတစ်လပြည့်ရန်နာရီပိုင်းအလိုတွင် မန္တ​လေးမြို့အနီး ယ​နေ့ (ဧပြီ ၂၇)ည ၁၀ နာရီ ၂၅ မိနစ်တွင် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သွား​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကိုင်းငလျင်ကြီး​ကြောင့်​​လမ်းမားရွေ့လျားသွားသည်ကို The Spirit of brotherhood mission က မှတ်တမ်းဓါတ်ပုံရိုက်ကူးထားမှု။ ဓါတ်ပုံ- TSBM

ဧပြီ-၂၇၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းငလျင်ကြီးတစ်လပြည့်ရန်နာရီပိုင်းအလိုတွင် မန္တ​လေးမြို့အနီး ယ​နေ့ (ဧပြီ ၂၇)ည ၁၀ နာရီ ၂၅ မိနစ်တွင် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သွား​ကြောင်း​ဒေသခံများက​ပြောသည်။

“ပြင်းတယ်။ ဒီရက်ထဲမှာ အပြင်းဆုံးဖြစ်မယ်”ဟုမန္တလေးမြို့ခံတဦးကပြောသည်။

အဆိုပါငလျင်ကိုနေအိမ်များနှင့်ပြင်ပတွင်ရောက်နေသူများပါခံစားလိုက်ရကြောင်း မန္တလေးမြို့ခံများက ပြောသည်။​မြေငလျင်လှုပ်စဥ်အသံများလည်းကြားရပြီး မန္တ​​လေးမြို့သာမက ပြင်ဦးလွင်မြို့မှပြည်သူများလည်းသိရှိခံစားရ​ကြောင်း​ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/3466561696814827

(ဧပြီ ၂၇ ရက် ည ၁၀ နာရီ ၂၅ မိနစ်တွင် မန္တ​လေးမြို့အနီးလှုပ်ခဲ့​သော ငလျင်ကို CCTV ကမှတ်တမ်းတင်ထားမှု ။ ရုပ်သံ- JMFABT)

“တော်တော်ကြမ်းတယ်ဗျို့”ဟု​ဒေသခံတဦးက ​မြေငလျင်လှုပ်သည်ကို ၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

အခြား​ဒေသခံတဦးကလည်း “ငလျင်လှုပ်တာ ကြမ်းလိုက်တာ။တောင်မြောက်လှုပ်တာ”ဟု​​ပြောသည်။

​Android Earthquake Alerts System ကမန္တ​လေးမြို့အနီး ဧပြီ ၂၇ ရက်ည လှုပ်ခတ်​သော​မြေငလျင်မှာ ပြင်းအား ရချ်တာစ​ကေး ၄ ဒသမ ၁ ရှိ​ကြောင်း​ဖော်ပြသည်။ ပြင်းအား ၄ ဒသမ ၁ မှာ အင်အားအနည်းငယ်သာရှိ​သော်လည်း ငလျင်

ဗဟိုချက် ​မြေအနက်သည် ​ဇောက်တိမ်ပါက (မြေမျက်နှာပြင်နှင့်နီးပါက) ငလျင်လှုပ်ခတ်သည်ကို ပိုမိုခံစားရ​​လေ့ရှိသည်။ ငလျင်အင်အားကြီးပြီး

​ဇောက်တိမ်လျင် ဖျက်အားပိုကြီးကာ မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့​သော စစ်ကိုင်းငလျင်ဗဟိုချက်သည် မြေအနက်၁၀ ကီလိုမီတာ( ၆ မိုင်​ကျော်)တွင် ဗဟိုပြု၍ ဖျက်အားပိုကြီးခဲ့ခြင်းဖြစ်သည်။

သို့​သော် ကမ္ဘာတစ်ဝန်း​မြေငလျင်လှုပ်ရှားမှုများကို​မှတ်တမ်းတင်​ဖော်ပြ​ပေး​နေ​သော အ​မေရီကန်​မြေငလျင် တိုင်းတာ​​ရေးဌာန (USGS)ကမူမ​ဖော်ပြ​သေး​ပေ။

NUG ၏ MOHADM က ငလျင်သတင်းထုတ်ပြန်ရာ မန္တလေးမြိုအရှေ့တောင်ဘက် ၂၀ ကီလိုမီတာ(၁၂ မိုင်​ကျော်)အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာ( ၆မိုင်​ကျော်)ကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့​ကြောင်း​ဖော်ပြသည်။ ထိုင်း​​မြေငလျင်တိုင်းတာ​ရေးဌာန၏ထုတ်ပြန်ချက်မှာ MOHADM နှင့် တူညီပြီး မန္တ​​လေးမြို့အ​ရှေ့​တောင်ဘက်အုန်း​ချောအနီး ဗဟိုပြု၍ပြင်းအား ၄ ဒသမ ၄ ရှိ​သောငလျင်လှုပ်ခဲ့​ကြောင်း​ဖော်ပြသည်။

စစ်​ကောင်စီ၏မိုး​လေဝသနှင့်ဇလ​​ဗေဒညွန်ကြားမှု ဦးစီးဌာနက ငလျင်သတင်းထုတ်ပြန်ရာတွင်မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၉) မိုင်ခန့်အကွာ ​မြေအနက် ၂၆ ကီလိုမီတာ( ၁၆ မိုင်​ကျော်)ကိုဗဟိုပြု၍ ပြင်အား၃.၇ ရစ်(ခ်)တာစကေးဖြင့်လှုပ်ခတ်ခဲ့​ကြောင်း​ဖော်ပြသည်။ထို​ကြောင့် MOHADMနှင့် မိုးဇလ ထုတ်ပြန်ချက်မှာ မတူညီ​ပေ။

ပြည်သူ​ထောင်ချီ​သေဆုံးပြီး မြန်မာ့သမိုင်းတ​လျှောက် ပျက်စီးဆုံးရှုံးမှု အများဆုံး စစ်ကိုင်းငလျင်ကြီးသည် မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် လှုပ်ခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်တွင်တစ်လအတိပြည့်ပြီဖြစ်သည်။ ငလျင်ကြီးလှုပ်ပြီး ​နောက်ဆက်တွဲ ​မြေငလျင်များအကြိမ်​ရေ ရာချီလှုပ်ခတ်ခဲ့ပြီး အားအကြီးဆုံး​နောက်ဆက်တွဲငလျင်မှာ ငလျင်ကြီး လှုပ်ပြီး ၁၂ မိနစ်အကြာတွင် တံတားဦးမြို့နယ်ကို ဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၄ ဖြင့်လှုပ်ခဲ့​သော ငလျင်ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။