Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က အငြိမ်းစားပါမောက္ခတစ်ဦး အသတ်ခံရ

မန္တလေးမြို့၊ပုသိမ်ကြီးမြို့မှာနေထိုင်တဲ့ သတ္တဗေဒဌာနက အငြိမ်းစားပါမောက္ခဒေါက်တာ ထွေးထွေး ‌‌‌‌အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီ၂၉၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့၊ပုသိမ်ကြီးမြို့မှာနေထိုင်တဲ့ သတ္တဗေဒဌာနက အငြိမ်းစားပါမောက္ခဒေါက်တာ ထွေးထွေး ‌‌‌‌အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက်(၆၆)နှစ်အရွယ် ဒေါက်တာထွေးထွေးဟာတစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ငလျင်ကြောင့်မင်္ဂလာရန်ကင်းအိမ်ယာကနေ ပုသိမ်ကြီးမြို့အတွင်းကို ပြောင်းရွှေ့နေထိုင်နေသူလို့ သိရပါတယ်။

ဧပြီ ၂၅ရက်က အသတ်ခံရတာဖြစ်ပြီး လူထုနွေဦးရဲ့ စုံစမ်းမှုအရ လုယက်အသတ်ခံရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အသိအိမ်ခြံ မြေပွဲစားက လုပ်သွားတာ။ပုသိမ်ကြီးဘက်ကို အိမ်ပြရင်းမျှား ခေါ်သွားတာ။ပိုင်ဆိုင်သမျှတွေ ရိုက်သတ်ယူသွားတာ”လို့ ဒေါက်တာထွေးထွေးရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် အဲဒီစွပ်စွဲချက်အပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါဘူး။

အသတ်ခံရသူဟာ ပါမောက္ခဟာ အိမ်ခြံမြေရောင်းဝယ်တဲ့အလုပ်ကိုလည်း လုပ်ကိုင်လေ့ရှိပြီး အိမ်နှင့် မြေကွက်များစွာလည်းပိုင်ဆိုင်တယ်လို့သိရပါတယ်။

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မနော်ဟရီရပ်ကွက်မှာ ၎င်းပိုင်ဆိုင်တဲ့ လုံးချင်းတိုက် တွေရှိပြီး အိမ်ငှားတင်ထားတယ်လို့လည်း သိရပါတယ်။

သေဆုံးသူရဲ့ နာရေးကိုတော့ ဒီကနေ့ တောင်အင်းမြောက်အင်းသုဿန်မှာ သင်္ဂြိုလ်မှာလို့ သိရပါတယ်။

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်မှာ လုယက်မှုတွေ မကြာခဏဖြစ်နေပြီး မန္တလေးမြို့ကနေ ကားသမားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ အယောင်ဆောင် လုယက်မှုနဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုတွေ နေအိမ်အပြန်မှာ ရိုက်နှက်လုယက်မှုတွေလည်းဖြစ်ထားပြီး ယနေ့အထိတရားခံတွေကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။