Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးအပြီး တစ်လပြည့် မန္တလေးမြို့ မြင်ကွင်း

မြန်မာနိုင်ငံမှာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖျက်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၂၈ ရက်မှာဆိုရင်တစ်လတင်းတင်းပြည့်သွားပါပြီ။

ဧပြီ – ၂၉ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံမှာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖျက်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၂၈ ရက်မှာဆိုရင်တစ်လတင်းတင်းပြည့်သွားပါပြီ။

ငလျင်ဒဏ်ကြောင့်ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့ရတဲ့ မန္တလေးမြို့မှာတော့ ပြန်လည်ထူထောင်ရေးထက် အပြိုအပျက်အဆောက် အဦးတွေကို ရှင်းလင်းနေရဆဲပါ။

အဆောက်အဦးအပျက်အစီးတွေကနေ ထွက်လာတဲ့အုတ်ကျိုးအုတ်ပဲ့တွေ ၊ကွန်ကရစ်အစိတ်အပိုင်းတွေကိုသယ်ဆောင်သွားတဲ့ ထရပ်ကားတွေကို မန္တလေး မြို့ရဲ့ လမ်းမတိုင်းမှာ တွေ့နေရပါတယ်။

Public Service Announcement

Public Service Announcement

ရှင်းလင်းရေးလုပ်ဆောင်နေတယ်ဆိုပေမယ့် လူနေရပ်ကွက်တွေမှာ ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေကိုအခုတိုင် မြင်နေရဆဲဖြစ်ပြီးအဓိကအားဖြင့်တော့ ဟိုတယ်တွေ ၊စျေးတွေ ၊ တည်းခိုခန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့အဆောက်အဦးတွေကိုသာ ဦးစားပေးရှင်းလင်းသာတွေ့မြင်ရပါတယ်။

လူအသေအပျောက်များခဲ့တဲ့ Sky Vill ကွန်ဒို ၊Golden City ဟိုတယ် ၊ Golden Country ဟိုတယ် ၊ အင်ကြင်းကွန်ဒို၊ River View ဟိုတယ်တွေမှာ စက်ယန္တရားတွေအသုံးပြုပြီး ရှင်းလင်းရေးလုပ်နေသလို တဆက်တည်းမှာ ပဲ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေတာတွေ့ရပါတယ်။

ဖြိုချရှင်းလင်းနေတဲ့ Great Wall ဟိုတယ် ၊ စျေးချို တောင်၊ မြောက်တိုက်တန်း နေရာတဝိုက်ကိုတော့ လမ်းပိတ်ပြီး သွားလာခွင့်ကန့်သတ်ထားပါတယ်။

https://www.facebook.com/LuduNwayOo/videos/575825455541450

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးတွေကို မန္တလေးစည်ပင်က အခမဲ့ရှင်းလင်းပေးမယ်လို့ ကြေညာထားပေမယ့် စည်ပင်က ရှင်းလင်းပေးနိုင်တဲ့ လုပ်ကိုင်စွမ်းက အကန့်အသတ်ရှိတာကြောင့် အဆောက်အဦးဖြိုခ မတတ်နိုင်သူတွေလည်း အခက်ကြုံနေရပါတယ်။

ပြိုကျသွားတဲ့ စျေးဆိုင်တွေ အများစုပြန်မဖွင့်နိုင်သလို လမ်းတွေ ပေါ်မှာ ဖြစ်သလို နေထိုင်ရဆဲ ငလျင်ဒဏ်သင့်ပြည်သူတွေလည်းရှိနေပါတယ်။

ငလျင်ကြီးရဲ့ အဖျက်စွမ်းအားကြောင့် လူမှုဘဝတွေကြီးကြီးမားမား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မန္တေလေးမြို့နေပြည်သူတွေဟာ တစ်လပြည့်တဲ့အထိ နောက်ဆက်တွဲ ငလျင်တွေကြောင့် ညရေးညတာကောင်းကောင်းမအိပ်ရဘဲ စိုးတထိတ်ထိတ်ဖြစ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook