Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီမှရဲ​မေများအပါအဝင် အမျိုးသမီးများလက်နက်ချဟုဆို

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

စစ်​ရေးပြအခမ်းအနားတစ်ခူတွင်​တွေ့ရ​​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်အမျိုးသမီးများ။ ဓါတ်ပုံ-Getty Images

ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

“၂၁ထဲက ရဲမေ ၁၀၀ ကျော် လက်နက်ချတယ်။ကိုယ်ဝန်ဆောင်တွေပါတယ်” ဟု စစ်​ရေးရင်းမြစ်တဦးကပြောသည်။ ထို​ကြောင့် စစ်​ကောင်စီကကိုယ်ဝန်ဆောင်ရဲမေများကို အသုံးပြုနေခြင်းဖြစ်​ကြောင်း အထက်ပါ စစ်​ရေးသတင်းရင်းမြစ်ကဆက်​ပြောသည်။

သို့​သော်အခြားစစ်​ရေးရင်းမြစ်တဦးကမူ စစ်​ကောင်စီတပ်စွဲရာစခန်းများမှ အမျိုးသမီးများကိုဖမ်းမိသည်မှာမှန်​သော်လည်း စကခ ၂၁ မှမဟုတ်ဘဲ မြို့ထဲရှိ စခန်းများမှဖြစ်ကာ ၊၎င်းတို့မှာ ရဲ​မေ ဟုတ် ၊မဟုတ် မသိ​ကြာင်း​ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်း များ ၊တပ်ရင်းများ ၊တပ်ရင်းဌာနချုပ်များအားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်​နေသည်ဟုစစ်​ရေးသတင်းရင်းမြစ်ကပြောသည်။

“ဗန်းမော်ဂွင်မှာ ရဲတွေလက်နက်ချတာမှန်တယ်။ ရဲမေ‌တွေ။ ပိတ်မိနေတာ ကြာပြီဆိုတော့အိမ်ထောင်သည်ရဲမေတွေလည်း ဗိုက်ကြီးတွေနဲ့လေ”ဟု CDM ရဲတစ်ဦးကလည်းပြောသည်။

KIA နှင့် ပူး​ပေါင်းတပ်က ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ထိုးစစ်ကို ​စစ်ကိုင်းငလျင်​​ကြောင့်​ရေး​ပေါ်ကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​ရေးများလုပ်ကိုင်နိုင်ရန် ယာယီပ်နားခဲ့သည်။ထို့​နောက် ဧပြီ ၂၅ ရက်မှစ၍ ပြန်လည်ထိုးစစ်ဆင်​နေရာ စကခ ၂၁ ၏ ကာကင်းစခန်းအချို့ကိုထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်းများကို KIA က ဖမ်းဆီးရမိထားသည်ဟု သတင်းရရှိသည်။

စကခ ၂၁ကို ခုခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစတင်ဆုတ်ခွာထွက်ပြေးနေပြီး တိုက်ပွဲပြင်းထန်နေ​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ထို့အပြင် စစ်ကောင်စီသည် မြစ်ကြီးနား-မိုးကောင်း -ဖားကန့်လမ်း နှင့် အင်းတော်ကြီး-ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့် ဖားကန့်ကို အင်အားဖြည့်ရန် ကြိုးစားနေရာ အဆိုပါလမ်းပိုင်းနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်နေသည်။

ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ရန်ကြိုးစား​နေ​သော်လည်းဆက်သွယ်မရ​သေး​ပေ ။ KIA နှင့် ပူး​ပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှစ၍ ကချင်ပြည်နယ်​၏ ဒုတိယမြို့​တော်ကို သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနေ တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်