Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့နယ်စပ်မှာ လူသားချင်းစာနာမှုစင်္ကြံ သတ်မှတ်ပေးဖို့ UN တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်လက်ခံ

နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်မယ့် စင်္ကြံတစ်ခု သတ်မှတ်ပေးရေး ကုလသမဂ္ဂ (UN)ရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့ကြောင်းသိရပါတယ်။

ဧပြီ ၃၀၊ ၂၀၂၅။People’s Spring

နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်မယ့် စင်္ကြံတစ်ခု သတ်မှတ်ပေးရေး ကုလသမဂ္ဂ (UN)ရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့ကြောင်းသိရပါတယ်။

၏စစ်ဘေးသင့် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် ထိရောက်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး အဲဒီစင်္ကြံကို UNက ထားရှိလိုနေတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး အရာရှိ တောင်ဟစ်ဒ် ဟိုစိန်က ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီစင်္ကြံဟာ လူသားချင်း စာနာမှု ကဏ္ဍအတွက်ပဲ အဓိက ရည်ရွယ်ကြောင်း၊ စင်္ကြံသတ်မှတ်ပေးဖို့ လက်ခံရာမှာ သီးသန့် ဆွေးနွေး သဘောတူညီချက် တချို့ရှိနေပြီး အသေးစိတ်ကိုတော့ ထုတ်မပြောလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရဲ့ တောင်းဆိုချက်တွေကို UNက ဖြည့်ဆည်းပေးရင် ဘင်္ဂလားဒေ့ရှ်ကလည်း အကူအညီပေးမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟိုစိန်က မြန်မာ့ ပြည်တွင်း ပဋိပက္ခဟာ ဘင်္ဂလားဒေ့ရှ်ကိုလည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေကြောင်း၊ စစ်ရှောင် အများအပြားဟာ ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေး ခိုလှုံနေကြပြီး သူတို့ကို နေရပ်ပြန်ပို့ပေးနိုင်ဖို့လိုအပ်ကြောင်းလည်းပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်ရာ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA)ရဲ့ မြို့သိမ်းစစ်ဆင်ရေးတွေ စတင်လာတဲ့နောက် အာဏာသိမ်း စစ်ကောင်စီဟာ ဒေသအနှံ့ကို ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ စီးဝင်မှုကို ပိတ်ဆို့ ဖြတ်တောက်ဖို့ ကြိုးစားနေပြီး အဲဒီ အခြေအနေဟာ ရခိုင်ပြည်သူတွေရဲ့ အကျပ်အတည်းတွေကို ပိုမို ဆိုးရွားလာစေပါတယ်။

UNက ဒီကိစ္စကို ထိထိရောက်ရောက် တုံ့ပြန်မှု မရှိဘူးဆိုရင် ရခိုင်မှာ အငတ်ဘေးကြီး ကြုံလာနိုင်တယ်လို့ သတိပေးထားပြီး လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေးအတွက် စကြံနယ်မြေ သတ်မှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

ကိုးကာ-Aandolu Agency

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။