Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ဆုတောင်းတောင်ကို KIA သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net

မေ ၂၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

မြစ်ကြီးနား – တနိုင်းသွား လီဒိုလမ်းအနီး လဝါးကျေးရွာရှိ ခရစ်ယာန်ဘာသာဝင်များ​ ဆုတောင်းခြင်းပြုလုပ်သည့် ဆုတောင်းတောင်၌ စစ်ကောင်စီတပ်စွဲရာနေရာကို KIAက မေလ ၁ရက်နံနက်အစော၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်​၏ ရုပ်အလောင်း ၁၃လောင်းတွေ့ရှိခဲ့ပြီး တစ်ဦး အရှင်ဖမ်းမိဟု ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆုတောင်းတောင်မှ စစ်ကောင်စီတပ်များထွက်ပြေးသွားသည်ဟုလည်း ၎င်းက ပြောပြသည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “အဲဒီ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို မေးကြည့်တာတော့ စစ်တပ်ဘက်က ဆုတ်တယ်လို့ ပြောကြတယ်။ သို့သော်လည်း အခြေအနေက သေနတ်သံက ရှိနေဆဲလို့ အဲဒီလိုပြောတယ်။ ဒါပေမဲ့ အလောင်းဘယ်နှစ်လောင်းဆိုတာတော့ ဘာမှတော့ မပြောသေးဘူး။ ဟုတ်ရင်တော့ ဟုတ် မှာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒီဆုတောင်းတောင်မှာ နေတဲ့အဖွဲ့တွေက အင်အားဘယ်လောက်မှမရှိဘူး”ဟု ပြောသည်။

စစ်ကောင်စီသည် ဧပြီတွင် ဖားကန့်မြို့နယ် အတွင်း စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ KIA နှင့် တိုက်ပွဲများဖြစ်ခဲ့ပြီး လဝါးကျေးရွာတွင် တိုက်ခိုက်ပြင်းထန်ခဲ့သည်။

” စစ်ကောင်စီက ဖားကန့်လမ်း၊ တနိုင်းဒေသ၊ ဖားကန့်ဒေသကို သူတို့ ပြန်ပြီးမှ အုပ်ချုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ မြင်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအရှိန်မြှင့် ဖော်ဆောင်နေချိန် စစ်ကောင်စီကလည်း ဖားကန့်၊ မြစ်ကြီးနား မြစ်ဆုံဒေသ၊ ဝိုင်းမော်မြို့နယ် လမြန်ဒေသသို့ စစ်ကြောင်းထိုးခြင်း စစ်ရေးလှုပ်ရှားခြင်းများ ပြုလုပ်လာ၍ တိုက်ပွဲများ ဖြစ်ခဲ့သည်။

စစ်ကောင်စီက ဧပြီတစ်လလုံးကို အပစ်ရပ် မည်ဟု ကြေညာခဲ့သော်လည်း လေကြောင်း တိုက်ခိုက်မှု မြေပြင်ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ၎င်းတို့ ကြေညာချက်ကို ကိုယ်တိုင်စည်းဖောက် နေခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။

လက်ရှိ ကချင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

Facebook