Connect with us

Hi, what are you looking for?

သတင်း

စစ်ရေး၊နိုင်ငံရေး အခြေအနေများ TNLA သတင်းစာရှင်းလင်းပွဲလုပ်မည်

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းမှုကို မေလ ၄ရက် နံနက် ၁၀နာရီတွင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA) က အသိပေးထုတ်ပြန်သည်။

မေ ၃၊၂၀၂၅။သက်ဝေ/People’s Spring

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းမှုကို မေလ ၄ရက် နံနက် ၁၀နာရီတွင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA) က အသိပေးထုတ်ပြန်သည်။

ထို့ပြင် ဧပြီတစ်လတာ လှုပ်ရှားမှုအခြေအနေများကိုပါ ရှင်းလင်းသွားမည်ဖြစ်ပြီး PLSF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ၊ အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ လွေးယေဦးတို့က ရှင်းလင်းဖြေကြားပေးမည်ဟု ဆိုသည်။

မီဒီယာနှင့် အဖွဲ့အစည်းအသီးသီး တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်မည့် မီဒီယာများအနေဖြင့် PSLF/TNLA Spokesperson Office ၏ Signal နှင့် Telegramသို့ အမည်စာရင်းနှင့် မေးမြန်းလိုသည့် မေးခွန်းများအား ယနေ့(မေလ ၃ရက်) ညနေ ၆နာရီ မတိုင်ခင် နောက်ဆုံးထား ပေးပို့ရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

PSLF/TNLAသည် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ တဖက်တွင်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် တပ်ဖွဲ့ဖြစ်သည်။

ဧပြီ ၂၈ရက်နှင့် ၂၉ရက်က တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ TNLA သိမ်းပိုက်ထားသည့် မြို့နယ် ၅ခုထက်မနည်းမှ ပြန်လည်ဆုတ်ခွာပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့၍ ဆွေးနွေးပွဲ ရှေ့မတိုးနိုင်ခဲ့ကြောင်း TNLAက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

နောင်ချို ၊ ကျောက်မဲ ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် ဒေသများမှ TNLA တပ်ဖွဲ့ဝင်များ နမ့်ဆန်နှင့် မန်တုံသို့ ဆုတ်ခွာရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် မိုးကုတ်မြို့ကို ကင်းထောက် လေယာဉ်များဝဲနေခဲ့ပြီး ည ၁၁နာရီ ၄၇မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို မေလ ၂ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

မိုးကုတ်မြို့အရှေ့ပိုင်း ဗဟင်းရွာနှင့် အနောက် ပိုင်းနှာအုတ်အင်းကျေးရွာကို မေလ ၂ရက် ည ၁၁နာရီ ၄၇မိနစ်၌ ဗုံးကြဲချခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

TNLAနှင့် စစ်ကောင်စီတို့အကြား ထိုသို့ အပစ်ရပ်စဲနိုင်ရေးဆွေးနွေးနေသော်လည်း စစ်ကောင်စီသည် ဆွေးနွေးပွဲ ကျင်းပနေသည့်နေ့၌ပင် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ တိုက်ပွဲတွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။ ယင်းနေ့တွင် စစ်ကောင်စီဘက်က အဆိပ်ငွေ့ ဗုံး ၁၁လုံးနှင့် လက်နက်ကြီး များ ပစ်ခတ်ခဲ့ကြောင်း ၊ ဆွေးနွေးပွဲအပြီး ဧပြီ ၃၀ရက်နှင့် မေလဆန်းတွင်လည်း မိုးကုတ် နောင်ချိုမြို့နယ်များကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီဘက်က ဧပြီလကုန်အထိ အပစ်ရပ်ကြေညာထားသည့်တိုင် TNLA နယ်မြေအပါအဝင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများ စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ TNLA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း ဧပြီတစ်လလုံး အပစ်ရပ်စဲကြောင်း ကြေညာသကဲ့သို့ ယခု မေလ ၁လလုံးကိုလည်း တဖက်သတ်အပစ်ရပ်စဲကြောင်း ထပ်မံ ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။