Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ၊ ဒေသခံတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီကလေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၃ရက်)တွင် ထုတ်ပြန်သည်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီလေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

မေ ၃၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီကလေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၃ရက်)တွင် ထုတ်ပြန်သည်။

ယနေ့ (မေလ ၃) နံနက် ၉နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (မေလ ၂ရက်) ည ၁၂နာရီခန့်လည်း မိုးကုတ်မြို့ကို ပေါင်(၂၅ဝ)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါဗုံးသည် အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် ခြောက်လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၃ဝရက်လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားအား စစ်ကောင်စီက လေကြောင်းမှ ပေါင်(၂၅၀)ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီ နှင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က မေလ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ် နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈နှင့် ၂၉ရက် တွင် အပစ်အခတ်ရပ်စဲနိုင်ရန် ဆွေးနွေးခဲ့ဟု ဆိုသည်။

စစ်ကောင်စီကိုယ်စားလှယ်တို့က TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ TNLA တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူနိုင်၍ နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် မိုးကုတ်မြို့ကို ကင်းထောက် လေယာဉ်များဝဲနေခဲ့ပြီး ည ၁၁နာရီ ၄၇မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ယနေ့ နံနက်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းမှုကို မေလ ၄ရက် နံနက် ၁၀နာရီတွင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းမည်ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA) က အသိပေးထုတ်ပြန်သည်။

ထို့ပြင် ဧပြီတစ်လတာ လှုပ်ရှားမှုအခြေအနေများကိုပါ ရှင်းလင်းသွားမည်ဖြစ်ပြီး PLSF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ၊ အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ လွေးယေဦးတို့က ရှင်းလင်းဖြေကြားပေးမည်ဟု ဆိုသည်။

မီဒီယာနှင့် အဖွဲ့အစည်းအသီးသီး တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်မည့် မီဒီယာများအနေဖြင့် PSLF/TNLA Spokesperson Office ၏ Signal နှင့် Telegramသို့ အမည်စာရင်းနှင့် မေးမြန်းလိုသည့် မေးခွန်းများအား ယနေ့(မေလ ၃ရက်) ညနေ ၆နာရီ မတိုင်ခင် နောက်ဆုံးထား ပေးပို့ရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ပြည်သူကိုသတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်ကို ကမ္ဘာက လျစ်လျူရှုထား၍ အလုပ်ပိုလုပ်ကြရန် TNLA ခေါင်းဆောင်တိုက်တွန်း

သတင်း

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မင်္ဂလာပွဲ ကျင်းပနေသည့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

Facebook