Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို ကို ရှင်းလင်းရာ တစ်ပတ်အတွင်း ရုပ်အလောင်း တစ်ဒါဇင်ထပ်မံတွေ့ရှိ

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ တစ်ပတ်တာအတွင်း ရုပ်အလောင်း ၁၂ လောင်းထပ်မံတွေ့ရှိတယ်လို့ မီးသတ် ရဲ့စာရင်းတွေအရသိရပါတယ်။

မေ – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ တစ်ပတ်တာအတွင်း ရုပ်အလောင်း ၁၂ လောင်းထပ်မံတွေ့ရှိတယ်လို့ မီးသတ် ရဲ့စာရင်းတွေအရသိရပါတယ်။

ဧပြီလ ၂၇ရက်ကနေ မေလ ၃ ရက်အထိ တစ်ပတ်တာအတွင်း အမျိုးသမီး ရုပ်အလောင်း ၉ လောင်းနဲ့ အမျိုးသားအလောင်း ၃လောင်း စုစုပေါင်း ရုပ်အလောင်း ၁၂ လောင်းကိုတွေ့ရှိခဲ့တာပါ။

ရုပ်အလောင်း ၁၂လောင်းထဲမှာ ကလေးငယ်တစ်ဦးပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဒို ရဲ့ အဆောက်အဦး C အဆောင် နဲ့ D အဆောင်တွေကို စက်ယန္တယားတွေရဲ့ ရှင်းလင်းချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်လှေကားခွင်ထဲနေရာတွေ၊ ကွန်ဒို အခန်းတွင်းနေရာတွေကနေ ရုပ်အလောင်း တွေ တွေ့ရှိတာလို့သိရပါတယ်။

Sky Vill ကွန်ဒို ပြိုကျမှုမှာ မေလ ၃ ရက်အထိ မီးသတ်ရဲ့စာရင်းအရ ရုပ်အလောင်း ၁၃၉ ထိ တွေ့ရှိထားပြီးဖြစ်ပါတယ်။

အမျိုးသား ၄၄ ဦး ၊ အမျိုးသမီး ၇၃ဦး ၊ ကလေး ၁၃ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး စုစုပေါင်း ၁၃၉ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ပြိုကျသွားတဲ့အဆောက်အဦးတစ်ခုဟာဆိုရင် အောက်ခြေ ၄ထပ်ခန့် မြေကြီးထဲ ကျွံဝင်သွားပြီး လူအများအပြားပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ရှိနေဦးမယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေက ခန့်မှန်းထားကြပါတယ်။

ရုပ်သံ – မီးသတ်

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

သတင်း

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုအပြီး အပျက်အစီးများ နှင့် ငလျင်ကြီး အ​ကြောင်း ပိုမိုသိရှိနိုင်ရန် ဒရုန်းအသုံးပြု၍စစ်တမ်း​ကောက်ယူ (Drone Survey)မည့်အပေါ် စစ်ကောင်စီက ခွင့်ပြုမပေးကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဌ ဒေါက်တာစုံဟန်က ​ပြောသည်။

Facebook