Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို ကို ရှင်းလင်းရာ တစ်ပတ်အတွင်း ရုပ်အလောင်း တစ်ဒါဇင်ထပ်မံတွေ့ရှိ

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ တစ်ပတ်တာအတွင်း ရုပ်အလောင်း ၁၂ လောင်းထပ်မံတွေ့ရှိတယ်လို့ မီးသတ် ရဲ့စာရင်းတွေအရသိရပါတယ်။

မေ – ၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ တစ်ပတ်တာအတွင်း ရုပ်အလောင်း ၁၂ လောင်းထပ်မံတွေ့ရှိတယ်လို့ မီးသတ် ရဲ့စာရင်းတွေအရသိရပါတယ်။

ဧပြီလ ၂၇ရက်ကနေ မေလ ၃ ရက်အထိ တစ်ပတ်တာအတွင်း အမျိုးသမီး ရုပ်အလောင်း ၉ လောင်းနဲ့ အမျိုးသားအလောင်း ၃လောင်း စုစုပေါင်း ရုပ်အလောင်း ၁၂ လောင်းကိုတွေ့ရှိခဲ့တာပါ။

ရုပ်အလောင်း ၁၂လောင်းထဲမှာ ကလေးငယ်တစ်ဦးပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဒို ရဲ့ အဆောက်အဦး C အဆောင် နဲ့ D အဆောင်တွေကို စက်ယန္တယားတွေရဲ့ ရှင်းလင်းချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်လှေကားခွင်ထဲနေရာတွေ၊ ကွန်ဒို အခန်းတွင်းနေရာတွေကနေ ရုပ်အလောင်း တွေ တွေ့ရှိတာလို့သိရပါတယ်။

https://www.facebook.com/LuduNwayOo/videos/1821235555404668

Sky Vill ကွန်ဒို ပြိုကျမှုမှာ မေလ ၃ ရက်အထိ မီးသတ်ရဲ့စာရင်းအရ ရုပ်အလောင်း ၁၃၉ ထိ တွေ့ရှိထားပြီးဖြစ်ပါတယ်။

အမျိုးသား ၄၄ ဦး ၊ အမျိုးသမီး ၇၃ဦး ၊ ကလေး ၁၃ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး စုစုပေါင်း ၁၃၉ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ပြိုကျသွားတဲ့အဆောက်အဦးတစ်ခုဟာဆိုရင် အောက်ခြေ ၄ထပ်ခန့် မြေကြီးထဲ ကျွံဝင်သွားပြီး လူအများအပြားပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ရှိနေဦးမယ်လို့ ရှာဖွေကယ်ဆယ်ရေးသမားတွေက ခန့်မှန်းထားကြပါတယ်။

ရုပ်သံ – မီးသတ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။