Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ၊ စစ်တပ်က ပြည်သူနှစ်ဦး ဖမ်းဆီးသတ်ဖြတ်

တနသ်ာရီတိုင်း၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စုအနီး စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဒေါနစစ်ကြောင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − ဒေါနစစ်ကြောင်း

မေ-၆၊၂၀၂၅။ ကျော်ဇော/People’s Spring

တနသ်ာရီတိုင်း၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စုအနီး စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ဒေါနစစ်ကြောင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၁ရက် နံနက် ၁၀နာရီခွဲခန့်က ဒေါနစစ်ကြောင်း(၃)မှ ရဲဘော်များ နတ်ကြီးစင်ကျေးရွာအုပ်စု၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေးသွားစဉ် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့၏ ခြောင်းမြောင်းတိုက်ခိုက်ခြင်းခံရပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါနှစ်ဖက်ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး 16-KR သေနတ် တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ကျည်ဘောက်နှစ်ခု ဆုံရှုံးခဲ့ကြောင်း ဒေနစစ်ကြောင်း (၃)က အသိပေးသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားနေစဥ် တိုက်ပွဲအနီးရှိ ဘုရားသုံးဆူကျေးရွာမှ (၃၉)နှစ်ခန့်အရွယ် ကိုလင်းထက်နှင့် (၄၀)နှစ်အရွယ် ကိုလှမြင့်ဆိုသူတို့ နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေါနစစ်ကြောင်း(၃)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ပစ်သတ်ခံရတဲ့ သူတွေက ဒေသခံတွေ ပါပဲခင်ဗျာ။ စိန်ဘုံအနီးမှာ ဘုရားသုံးဆူ ရွာသားတွေပါ ခင်ဗျာ”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် ရေဖြူမြို့နယ်၊ မင်းသားကျေးရွာနှင့် ၎င်းရွာအနီး ဆင်စွယ်ကျေးရွာတို့တွင် အထိုင်ချတပ်စွဲထားပြီး နှစ်ဖက်စစ်ဆိုင်ထားဆဲဖြစ်ကြောင်း ဒေါနစစ်ကြောင်း(၃)ထံမှ စုံစမ်းသိရသည်။

“စကစမှာ စိန်ဘုံမှာ အခြေချ ထားတာမရှိဘူး။ ဘေးရွာ မင်းသားရွာနဲ့ အနီးရွာ ဆင်စွယ်ဖက်ခြမ်းမှာ ရှိနေပါတယ်”ဟု စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

အထက်ပါ ဘုရားသုံးဆူရွာနှင့် စိန်ဘုံကျေးရွာအနီးတွင် စစ်ရေးဆက်လက်တင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့် ထိုကျေးရွာများသို့ ခရီးသွားလာခြင်းများ ရှောင်ကျဉ်ကြရန် ဒေါနစစ်ကြောင်း(၃)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook