Connect with us

Hi, what are you looking for?

သတင်း

MNA ​လေယာဥ်တစ်စီး​ ပြေးလမ်းတွင် မီး​လောင်

​လေယာဥ်ဘီးမီး​လောင်​ကြောင်းခရီးသည်များက​ပြောပြီးမီး​လောင်သည်ကိုမ​ပြောဘဲ အ​ရေး​ပေါ်တံခါးဖွင့်မ​ပေးသည့်အ​ပေါ်ခရီးသည်များ​ဝေဖန်

ကဖေး/People’s Spring

တံတားဦးလေဆိပ်တွင်​ ယနေ့ (​မေ ၆)ညနေပိုင်း၌ မန္တလေးမှရန်ကုန်သို့ ပျံသန်းမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင် လေယာဉ်တစ်စင်းလေယာဉ်တစီး ပြေးလမ်းပေါ် ၌ မီးလောင်ခဲ့ပြီး ခရီးစဉ်ဖျက်သိမ်းလိုက်ရသည်။

ညနေ ၆နာရီခွဲ ထွက်မည့်လေယာဉ်အမှတ် UB 812သည် ဘီးမီးလောင်ခြင်းဖြစ်ပြီး လေကြောင်းလိုင်းသည် ယင်းပြဿနာကို စနစ်တကျဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း ခရီးသည်များကဝေဖန်နေကြသည်။

“Captain ကိုယ်တိုင် မီးလောင်တာ မီးငြိမ်းနေပါပီ လို့ ဝန်ခံတဲ့ အချိန်ထိတောင် Emergency တံခါးပေး မဖွင့်ဘူးဆိုးလိုက်တဲ့ MNA ပီးတော့ ပြေးလမ်းပေါ်မှာ ဒါတောင် အပေါ်ပျံဖို့ နှစ်ခါ Try သေးတာ လုံးဝ မတက်လို့ညှော်နံ့ ထွက်မှ မီးလောင်မှန်းသိတာ”ဟု ခရီးသည်တဦးက​​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1185943562813892

အခြားခရီးသည်တစ်ဦးကလည်း”Right time boarding ခေါ်တော့ ပျော်ရွှင်စွာ ရန်ကုန်ကို စောစီးစွာ ပြန်ရောက်မယ်ဆိုပြီး လေယာဥ် ပေါ်တက်တာပေါ့။ လေယာဥ်စအတွက် အရှိန်ယူပြီးမှ ရုတ်တရက်ကြီ desk stop အုပ်တာသိလိုက်တော့.. ဘာဖြစ်တာလဲပေါ့။ လေယာဥ် ပြန်လှည့်ပြီး အရှိန်ပြန်ယူတက်တယ်။ ဘီးသံက မညက်တော့ဘူး။ သံ’ အသံတွေထွက်လာပြီ။ Captain က လည်း ဖြည်းဖြည်းချင်း ပြန်ထိန်းပြီး လေယာဥ်ကို ရပ်လိုက်တယ်။ ဘုရားပေးတဲ့ အသိတရားတခုက သူငယ်ချင်းကို ပြောလိုက်တယ်။ ” ဘီးပေါက်ပြီ” လို့။ လေယာဥ်ဘီးပေါက်တာကို announcement မလုပ်ဘူး။ “စက်ချို့ယွင်းနေတယ် စစ်ဆေးနေတယ်”ချည်း ပြောပြီး ၁၅ မိနစ်လောက် ခရီးသည်တွေကို ထိုင်ရာက မထခိုင်းဘူး။ စောင့်နေရင်းနဲ့ ညှော်နံ့က ထွက်လာပြီ။ ဘာတံခါးမှ ဖွင့်မပေးဘူး။ ကိုယ်တွေကို ညှော်ခံခိုင်းတယ်။ အဲ့ချိန်မှာ ခရီးသည်တွေ ငိုသူ အော်သူ open the door ဆိုပြီး နိုင်ငံခြားသားတွေအော် သံနဲ့ ယောက်ယက် ခတ်ကုန်ပြီ။ နောက်ဖက်က “မီးလောင်နေတယ်” ဆိုတဲ့အသံနဲ့အတူ ရှေ့ဖက်ကိုထွက်လာကြတော့ ပိုဆိုးရော။ နောက် ၁၀ မိနစ်ကြတော့ Captain ကိုယ်တိုင် ” ဘီးပေါက်နေလို့ မီးလောင်သွားပါတယ်။ မီးလည်း ငြိမ်းသွားပြီ။ safe ဖြစ်ပါပြီ ” ပြောတော့မှ ဆဲဆိုသံက ပိုဆိုးရော။တရုတ်သံ၊ ဘိုသံ ၊မြန်မာသံနဲ့ .. လေယာဥ်အတွင်းမှာ ပြွတ်ကြပ်ညှပ်ပိတ်နေပြီ။ လေကမရ မွန်းကြပ်လာပြီ။ အရေးပေါ်တံခါးလည်း ဖွင့်ခွင့်မပေး, ကိုယ်တွေက အရေးပေါ်တံခါးနားထိုင်နေတော့.. “အရေးပေါ်တံခါးနားထိုင်သူတွေ ဘာလုပ်နေလဲ ဆိုတာ အသံထွက်လာသေးတယ်။” အော်.. တခနလေးအတွင်းမှာ ကမ္ဘာလေး ခနပျက်သွားသလို…. နာရီ၀က်အတွင်းမှာ ခရီးသည်တင်ဖို့ ကားလာတော့မှ သက်ပြင်းချပြီး လေယာဥ်ပြန်စီးဖို့ စောင့်နေရပြီ” ဟု ၎င်း၏အ​တွေ့အကြုံကိုလူမှုကွန်ယက်တွင်ရေးသားထားသည်။

ရန်ကုန်သို့ပြန်လိုသူများအား ကားစီစဉ်ပေးမည်ဟုလည်း ပြောကြောင်း ခရီးသည်အချို့ကမှတ်ချက်ပြုကြသည်။MNA လေကြောင်းလိုင်းကမူ ​မေ ၆ ရက်ည ၁၀ နာရီခန့် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။