Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ ပစ်ကပ်ကားနဲ့ တိုက်မိရာက ဆိုင်ကယ်စီး မြန်မာ အမျိုးသမီး ၂ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ ပစ်ကပ်ကားနဲ့ မော်တော်ဆိုင်ကယ် တိုက်မိရာက မြန်မာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန Thaigerက ဖော်ပြခဲ့ပါတယ်။

KhaoSod

ထိုင်းနိုင်ငံမှာ ပစ်ကပ်ကားနဲ့ မော်တော်ဆိုင်ကယ် တိုက်မိရာက မြန်မာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန Thaigerက ဖော်ပြခဲ့ပါတယ်။

မေလ ၁၁ ရက်နေ့တုန်းက ကန်ချနာဘူရီ ပြည်နယ်မှာရှိတဲ့ သာမက်ကာ ခရိုင်မှာ ညနေပိုင်းလောက်တုန်းက ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်တဲ့ နေရာမှာ အသက် ၂၀ နဲ့ ၃၀ ကြားအရွယ် အရွယ် အမျိုးသမီး နှစ်ယောက်ဟာ ခြေလက်တွေ ကျိုးပဲ့တာ အပါအဝင် ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို တွေ့ရှိခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

သူတို့နဲ့ သက်တူရွယ်တူ နောက်ထပ် မြန်မာ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိထားတာကြောင့် ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပါတယ်။

အခင်းဖြစ်တဲ့ နေရာမှာ အနက်ရောင် Yamaha မော်တော်ဆိုင်ကယ် တစ်စီးဟာ အကြီးအကျယ် ထိခိုက်ပျက်စီးလျက်သား ရှိနေခဲ့ပြီး ရှေ့ပိုင်းမှာ ဆိုးဆိုးရွားရွား ထိခိုက်ထားတဲ့ အနက်ရောင် ပစ်ကပ်ကားကလည်း လမ်းဘေးမှာ ရပ်နေခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ကပ်ကား ယာဉ်မောင်းက သူဟာ ကြံခင်းတစ်ခုဆီ မောင်းသွားနေခဲ့တာ ဖြစ်ပြီး ဆိုင်ကယ် တစ်စီးပေါ်မှာ လူသုံးယောက်စီးရင်း လမ်းပြောင်းပြန် မောင်းဝင်လာတဲ့ အမျိုးသမီးတွေကို ရုတ်တရက် သတိမထားမိခဲ့ဘူးလို့ ပြောပါတယ်။ နောက်ပြီး ဂငယ်ကွေ့ ကွေ့ဖို့ ပြင်နေတဲ့ တခြားယာဉ် တစ်စီးကြောင့်လည်း မြင်ကွင်းကို ကွယ်ပြီး အရမ်းနောက်ကျတော့မှ ဆိုင်ကယ်ကို တွေ့ခဲ့တာလို့ သူက ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

လောလောဆယ်တော့ ရဲတွေဟာ ပစ်ကပ်ယာဉ်မောင်းကို ထိန်းသိမ်းထားပြီး နောက်ဆက်တွဲ စုံစမ်းမေးမြန်းတာတွေ ဆက်လုပ်နေပါတယ်။ ပြီးတော့ ယာဉ်တိုက်မှု ဘာကြောင့် ဖြစ်ခဲ့သလဲဆိုတဲ့ အသေးစိတ် အထောက်အထားတွေကိုလည်း ရဲတွေက စစ်ဆေး ရှာဖွေနေကြောင်း သိရပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။