Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ အိုးတိန်တွင်းစာသင်ကျောင်းဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၃)မှာ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာ​​​ပေါင်းစုံသပိတ်

မေ ၁၃၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၃)မှာ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသားကလေးတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်ကမ်ပိန်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်တွေနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook