Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်၍ ပင်လောင်းမြို့နယ်မှ ပြည်သူများ စစ်ရှောင်

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်း၊ပင်ပွံ၊လဲင်းဗွာလနှင့် ကောင်ဗာကျေးရွာများမှ ပြည်သူ ၃,၀၀၀ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံလူမှုအသင်းအဖွဲ့ဝင်အချို့က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ် လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်၍ ပင်လောင်းမြို့နယ်မှ ဒေသခံများ စစ်ဘေးရှောင်ရန် ထွက်ခွာနေစဉ်

မေ ၁၈၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်း၊ပင်ပွံ၊လဲင်းဗွာလနှင့် ကောင်ဗာကျေးရွာများမှ ပြည်သူ ၃,၀၀၀ထက်မနည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံလူမှုအသင်းအဖွဲ့ဝင်အချို့က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မေလ ၁၇ ရက်)နံနက်ပိုင်းကစ၍ ဆောင်းပြောင်းကျေးရွာအနီးတိုက်ပွဲကြောင့် ဒေသခံများမှာ စစ်ဘေးရှောင်ခဲ့ရပြီး ပိတ်မိနေသူအချို့ကျန်ရှိနေကာ ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေဆဲဟု ဆိုသည်။

“မနေ့ကလည်း လေယာဥ်နဲ့ဆက်တိုက်ကြဲသလို စစ်ကောင်စီနဲ့ PNOက လက်နက်ကြီးတွေနဲ့ဆောင်းပြောင်းကျေးရွာထဲကို ပစ်ခတ်တာ ဒရုန်းနဲ့တိုက်ခိုက်တာလုပ်တော့ ဘယ်လိုမှ နေလို့မရတော့ဘူးလေ။အဲဒါကြောင့် အကုန်ဆွဲထုတ်ရတယ်။ပြည်သူတွေကတော့ အစုအဖွဲ့လိုက်ကော တဦးချင်းကော တခြားကျေးရွာတွေဖက်နဲ့ တောတောင်ထဲကို ထွက်ပြေးနေကြရပါတယ်”ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆောင်ပြောင်းရွာတိုက်ပွဲအခြေအနေအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဆောင်းပြောင်းရွာကြီးတွင် အနောက်ရွာ၊ မြောက်ရွာ၊ ဒုံတန်၊ လဲင်းဗွာလဟူ၍ အပိုင်းလေးခုရှိပြီး တောင်းဘက်ခြမ်းရှိ လဲင်းဗွာလတွင် စစ်ကောင်စီတပ်စခန်းရှိကာ တောင်ပေါ်၌ PNOပြည်သူ့စစ်က တပ်စွဲထားသည်။

“ထိခိုက်မှုက နှစ်ဖက်ရှိတယ်ကြားတယ်။ကနဦးအတည်ပြုနိုင်တာတော့ PNO ပြည်သူ့စစ်သုံးဦး မနေ့က တိုက်ပွဲမှာသေတယ်လို့ အတည်ပြုရတယ်”ဟု ရှမ်းပြည်တောင်ပိုင်း စစ်ရေးသတင်းရင်းမြစ်က ​​ပြော သည်။

ယမန်နေ့က တိုက်ပွဲကြောင့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် အင်အားဖြည့်တင်းမှုများလုပ်နေကြောင်းလည်း ၎င်းက အသိပေးသည်။

ဆောင်းပြောင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ မတ်လ ၁၈ ရက်‌တွင် သိမ်းပိုက်ခဲ့ဖူးသည်။ဆောင်းပြောင်းရွာသည် ပင်လောင်းမြို့တောင်ဘက်၊ ဖယ်ခုံမြို့နယ်အကြားရှိပြီး ဖယ်ခုံမြို့နှင့် ၅မိုင်ခန့် သာကွာဝေးသည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီးနောက် ဆောင်းပြောင်းရွာကို ၂၀၂၄ ဇွန်လကုန်က ပြန်လည်တပ်စွဲခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်နယ်စပ်တို့တွင် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသည်။အဆိုပါ ထိုးစစ်အရ မိုးဗြဲမြို့စစ်ကြောင်း၊မိုးဗြဲ-ကုန်းသာစစ်ကြောင်း နှင့် ဖယ်ခုံ- ညောင်ရွှေမြို့နယ် တို့တွင် ဖြစ်ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထိုးစစ်ကို မေလပထမပတ်နှင့် ဒုတိယပတ်အထိ ခုခံရာတွင် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး အရှင်သုံးဦးဖမ်းမိကာ လက်နက်ခဲယမ်းများနှင့် တိုက်ခိုက်ရေးဒရုန်းနှစ်ခုပါသိမ်းဆည်းရရှိ ထားကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။