Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် လောင်းလုံးဒေသခံများ တောင်းဆိုဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်ကောင်စီတပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုဆန္ဒပြသည့် လှုပ်ရှားမှုကို ယနေ့ (မေလ ၁၇) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - DDMSC

မေ ၁၇၊၂၀၂၅။ သုည/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး စစ်ကောင်စီတပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုဆန္ဒပြသည့် လှုပ်ရှားမှုကို ယနေ့ (မေလ ၁၇) ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်သူများကို လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက််ခိုက်ခြင်းများ ရပ်တန့်ရန်၊ စစ်ကောင်စီကို လူသတ်လက်နက် မဝယ်နိုင်ရန် ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ရန်၊ အလုပ်သမားနှင့်လူ့အခွင့်အရေးများကို ကာကွယ်ပေးရန်၊ အဓမ္မစစ်မှုခိုင်းစေခြင်းဆိုင်ရာကိစ္စရပ်များကို ရပ်တန့်ရန်၊ ကလေးစစ်သားအသုံးပြုမှုကို ရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များ၊ အမျိုးသမီးများ၏ အသက်များစွာ နေ့စဉ် ရက်စက်စွာသတ်ဖြတ်မှုများကို ရပ်တန့်နိုင်ရန် ရည်ရွယ်၍ တောင်းဆိုခြင်း ဖြစ်ကြောင်း DDMSCက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO – GB Governing Body (အုပ်ချုပ်ရေးအဖွဲ့)သည် ၂၀၂၅ မတ်လတွင် စစ်ကောင်စီကို ပုဒ်မ(၃၃)အရ အရေးယူဆောင်ရွက်ဖို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုရန်အတွက် လာမည့် ILO ညီလာခံတွင် ILO Delegate နိုင်ငံအသီးသီးက စေလွှတ်သည့် ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း DDMSC က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ILO ညီလာခံ ILC ကို၂၀၂၅ခုနှစ် ဇွန်လ (၂)ရက်နေ့မှ (၁၃)ရက်အထိ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိရုံးချုပ်တွင် ကျင်းပမည် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃) ကွပ်ကဲမှု့အောက်ရှိ ထားဝယ်ခရိုင်အမှတ်(၈၀၀၃)တပ်ရင်း ရဲ့ ပထမအကြိမ် စစ်ပညာခြေခံသင်တန်းပြီးဆုံးကြောင်း မှတ်တမ်းရုပ်သံနဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ သံမဏိလိပ်ပြာတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကွပ်ကဲမှု ခံယူလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။