Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသ တံတားညီနောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ ဗန်းမော်တိုက်ပွဲ ပြန်ငြိမ်နေဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်ချို့အား တွေ့ရစဉ်။ ဓာတ်ပုံ − AP

မေ ၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

ဖားကန့်ဒေသ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေး အင်အားအလုံးအရင်းသုံးပြီး လေယာဉ်ပစ်ကူဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီက ယနေ့(မေလ ၁၈ရက်)တွင် ထပ်မံ စစ်ရေးလှုပ်ရှားလာ၍ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” နန့်ယားကနေ့ အင်အားပြန်စုပြီး လေကြောင်းအားနဲ့ စစ်အင်အားဖြည့်ပြီး ထိုးစစ်ပြန်လုပ်ဖို့ အားယူနေတယ်။ ခွန်ဆိုင်ဇွပ်နဲ့ ကပ်မှော်မှာ စုပြီးတံတားညီနောင်ဘက်ကို တစ်ချို့ တက်လာနေကြတာကို ဖြတ်တိုက်လို့ ထိတွေ့မှုဖြစ်”ဟု ကချင်သတင်းရင်းမြစ်က တစ်ဦးက တံတားညီနောင်ရွာ တိုက်ပွဲ အခြေအနေအပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

အခြား ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးကလည်း တံတားညီနောင်ရွာအနီး ယနေ့ နံနက် ၉နာရီကစ၍ တိုက်ပွဲပြင်းထန်နေသည်ဟု ပြောသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြီး လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုရှိသည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ အကယ်၍ စစ်ကောင်စီတပ် တံတားညီနောင်မှ ဖားကန့်ဘက် ရှေ့ဆက်တိုးပါက ယခုထက်ပိုမိုအထိနာနိုင်သည်ဟုလည်း ပြောသည်။

” သတ်ကွင်းမှ တကယ့်သတ်ကွင်း။ အဲဒါ ကျားပါးစပ်။ စစ်အစိုးရ အဆက်ဆက်ဘယ်တော့မှ အဲဒီနေရာကို မကျော်နိုင်ဘူး။ဒီကောင်တွေက အဲဒါ စခ သင်္ချိုင်းလို ဖြစ်နေပြီ ခေတ်အဆက်ဆက်။ဘေးနှစ်ဖက်က တောင်နံရံတွေချည်းပဲ ရှိတယ်လေ။ ကားလမ်းကကျတော့ လျှိုထဲမှာလို ဖြစ်နေတယ်။ ဘေးမှာ တောင်တွေပတ်ပတ်လည်ဆိုရင် တောင်တွေပေါ်က လှမ်းဗျင်းရုံပဲ” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ထို့အပြင် KIAက ၂၀၂၄ ဒီဇင်ဘာလဆန်းကတည်းက မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ဗန်းမော်မြို့တိုက်ပွဲ ယခု ရက်ပိုင်းအတွင်း ပြန်ငြိမ်နေသည်ဟု ပြောသည်။

“ဒီတစ်ရက်၊နှစ်ရက်တော့ ပြန်ငြိမ်နေတယ်။ ကျနော်တို့ဘက်က မတိုက်ဘဲနဲ့ သူတို့ဘက်က ပြန်ထိုးစစ်ဆင်လာတဲ့ ပုံစံတော့ ပြန်ဖြစ်နေတယ်”ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIA အနေဖြင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းနေရာ အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)တပ်ရင်း အပါအဝင် စစ်ကောင်စီလက်ကျန်တပ်စခန်းများ အပြီးသတ် သိမ်းနိုင်ရေးကြိုးပမ်းနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော