Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်​ကြောင်းထိုး၍ ကျိုက်ထိုဒေသခံ သောင်းချီ စစ်​ဘေးတိမ်းရှောင်​

ကရင်အမျိုးသား အစည်းအရုံး(KNU)၊တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံ သောင်းချီ စစ်ရှောင်နေကြရကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကျိုက်ထိုဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - ပေးပို့

​မေ-၁၉၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသား အစည်းအရုံး(KNU)၊တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံ သောင်းချီ စစ်ရှောင်နေကြရကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်အခြေစိုက်သောပခုက္ကူလက်အောက်ရှိ တပ်ရင်းများမှထုတ်နှုတ်အင်အားများဖြင့်စစ်ကြောင်း(၂)ကြောင်း အင်အား(၂၀၀)ကျော် နှင့် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်သည့် ကျိုက်ထို တောင်ကလေး အင်းဝ လက်အောက်ရှိ ခမရ(၂၀၇)ဦးစီးသော စစ်ကြောင်း(၂)ကြောင်း အင်အား(၁၅၀)ကျော်တို့ဖြင့် မေလ ၁၄ရက်တွင် ကျိုက်ထိုမြို့နယ်အတွင်း စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်ဟုဆိုသည်။

ကျိုက်ထိုမြိုနယ် ဝင်းကံကျေးရွာအုပ်စု ခရွဲ​ကျေးရွာအုပ်စု ပျဥ်းကတိုးကုန်းကျေးရွာအုပ်စုဇီးပြောင်းကျေးရွာအုပ်စု အတွင်းရှိရွာများတွင် စစ်ဆင်ရေးပြုလုပ်လာ၍ ဒေသခံပြည်သူများမှာ တိုက်ပွဲများဖြစ်ပွားလာမည် စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြ​ကြောင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကျိုက်ထိုမြိုနယ်ရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှာ ရွာပေါင်း ၃၆ ရွာမှ အိမ်ခြေ ၃၃၀၀ ကျော်၊ လူဦးရေ ၁၇၆၀၀ ကျော် အိုးအိမ် စည်းစိမ် စွန့်ခွါပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုနှင့်လေယာဥ်ဖြင့်ဗုံးကြဲမှုများပြုလုပ်လာလျှင်အသက်အန္တရာယ်စိုးရိမ်ကြောက်ရွံသဖြင့် အိုးအိမ် စည်းစိမ်စွန့်ခွာပြီး ဆွေမျိုးများရှိရာ ရွာများနှင့်တောတောင်သို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက်လုံခြုံမှုနေရာထိုင်ခင်း စားနပ်ရိက္ခာကျန်းမာရေးစသည့်လိုအပ်ချက်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်းလည်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် တပ်မဟာနယ်မြေအသီးသီးရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲများ တခုပြီးတခုဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီကလည်း တပ်မဟာ(၁)အပါအဝင် KNUအုပ်ချုပ်နယ်မြေများသို့ လေကြောင်းတိုက်ခိုက်ခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်း၊ မြေပြင် စစ်ရေးလှုပ်ရှားခြင်များပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို